ထရမ့်တစ်ယောက် Air Force One အစား ကာတာဘုရင်လက်ဆောင် ဇိမ်ခံလေယာဉ်ကိုသာ စီးမည်ဟု ပြော

News Image

  • ထရမ့်တစ်ယောက် Air Force One အစား ကာတာဘုရင်လက်ဆောင် ဇိမ်ခံလေယာဉ်ကိုသာ စီးမည်ဟု ပြော

ကာတာဘုရင်မိသားစုသည် အမေရိကန်သမ္မတများသာ စီးနင်းအသုံးပြုသည့် Air Force One နေရာတွင် အစားထိုး အသုံးပြုရန် Boeing 747-8 လေယာဉ်တစ်စီး မေတ္တာလက်ဆောင်ပေးရန် ရှိကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မေ ၁၁ (တနင်္ဂနွေနေ့) ညနေချမ်းမှာ ပြောကြား လိုက်ပါသည်။

အမေရိကန်ကာကွယ်ရေးဌာနကလည်း ကာတာဘုရင်တို့ ပေးအပ်လာမည့် အဆိုပါ အထူးလေယာဉ်ကို လွှဲပြောင်းလက်ခံဆောင်ရွက်ရန် စီစဉ်နေကြောင်းပြောကြားထားပါသည်။ CNN သတင်းဌာန ဖော်ပြချက်အရ ဒေါ်နယ်ထရမ့် သည် ကာတာဘုရင် မိသားစုက လက်ဆောင်ပေးအပ်လာသည့် အဆိုပါ ဇိမ်ခံလေယာဉ်ကို လက်ခံမည်ဖြစ်ကာ ပြန်လည်မွမ်းမံပြီး ၎င်း၏ ဒုတိယ သက်တမ်းအတွင်း Air Force One အဖြစ် အသုံးပြုမည်ဟု နီးစပ်သူ နှစ်ဦး က ပြောကြားထားပါသည်။

ထရမ့်ကိုယ်တိုင်ကလည်း ယခုလို ဒေါ်လာသန်းချီတန်သည့် လေယာဉ်ကို အများပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ လက်ခံပြီး အသုံးပြုသွားမည်ဟု ၎င်း၏ Truth Social ပေါ်က ပို့စ်တစ်ခုတွင် အတည်ပြု ပြောကြားထားပါသည်။

ရင်းနှီးသူတစ်ဦး၏ အဆိုအရ အဆိုပါလေယာဉ်ကို နောက်ဆုံး ဒေါ်နယ် ထရမ့် ရာထူးက နုတ်ထွက်ပြီးသည့်အခါ ၎င်း၏ သမ္မတစာကြည့်တိုက်ကို လှူဒါန်းသွားမည်ဖြစ်ပြီး ၎င်းဆက်လက်အသုံးပြုနိုင်ရန် စီစဉ်ထားသည် ဟု သိရှိရပါသည်။

ကိုးကား- CNN

Photo: Yahoo

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃