တရားလွှတ်တော်ချုပ်ကလည်း အမေရိကန်တွင် TikTok သုံးစွဲမှု ပိတ်ပင်စေလို

News Image

တရုတ်နိုင်ငံအခြေစိုက် TikTok ကုမ္ပဏီအနေဖြင့် လာမည့် ဇန်နဝါရီလ ၁၉ ရက်မတိုင်မီတွင် TikTok ကို တရုတ်နိုင်ငံသားမဟုတ်သည့်ကုမ္ပဏီထံ ရောင်းချခြင်းမရှိပါက နိုင်ငံလုံခြုံရေး ခြိမ်းခြောက်လာနိုင်မည်ဖြစ်သည့်အတွက် အမေရိကန်နယ်နိမိတ်အတွင်း TikTok သုံးစွဲခွင့်အား ပိတ်ပင်မည့် ဉပဒေတစ်ရပ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

အမေရိကန်တရားလွှတ်တော်ချုပ် တရားသူကြီး ၉ ဦး က TikTok ပိတ်သိမ်းရန် ထုတ်ပြန်ထားသည့် ဥပဒေအပေါ် အယူခံလွှာတင်သွင်းထားမှုအတွက် TikTok ၏ ကိုယ်စားလှယ်ရှေ့နေများနှင့် စစ်ဆေးကြားနာမှုများဆောင်ရွက်ခဲ့ပါသည်။ တစ်ဖက်တွင်လည်း ထိုသို့ ပိတ်ပင်လိုက်ခြင်းက အမေရိကန်တွင် TikTok သုံးစွဲနေသူ သန်း ၁၇၀ ကျော်၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း Content Creators များ ကလည်း ပြောကြားထားပါသည်။ 

တရုတ်နိုင်ငံအနေဖြင့် TikTok Application ကို အသုံးပြု၍ အမေရိကန်နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို သူလျှိုထောက်လှမ်းနိုင်ခြင်းအပြင် နိုင်ငံရေးအရ လွှမ်းမိုးခြယ်လှယ်လာနိုင်ဖွယ်ရှိကြောင်း အမေရိကန်အစိုးရက သတိပေးပြောကြားထားသည်။

အမေရိကန်တရားလွှတ်တော်ချုပ်က TikTok ပိတ်ပင်မည့် ဥပဒေအပေါ်   တရုတ်ကုမ္ပဏီ၏ အယူခံဝင်ရောက်မှုကို လာမည့်ရက်ပိုင်းအတွင်း ဆုံးဖြတ်မည်ဖြစ်သည်။မကြာမီရက်ပိုင်းအတွင်း အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာမည့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ကမူ TikTok Application အသုံးပြုမှု ပိတ်ပင်မည့်ကိစ္စကို ၎င်း၏ သမ္မတရာထူး တရားဝင် စတင်ထမ်း‌ဆောင်မည့် ဇန်နဝါရီ ၂၀ ရက်နေ့အထိ ဆိုင်းငံ့ထားရန် ပြောကြားထားသည်။

ကိုးကား-BBC