အာဖဂန်နစ္စတန်နိုင်ငံ၌ ကြက်မွေးမြူရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံရင်းနှီးမြှုပ်နှံ
ကဘူးလ် ဇန်နဝါရီ ၁၃
အာဖဂန်နစ္စတန်နိုင်ငံ၌ အသားနှင့် ဥများထုတ်လုပ်ရာတွင် ဖူလုံမှုရှိစေရေးအတွက် အကူအညီပေးရန် ကြက်မွေးမြူရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာတစ်ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ လက်ရှိတွင် ကြက်မွေးမြူရေးခြံ ၁၅၀၀၀ ကျော်ရှိပြီး ပုဂ္ဂလိကလုပ်ငန်းများ၏ ကြက်မွေးမြူရေးကဏ္ဍအတွင်း အမေရိကန်ဒေါ်လာတစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဇန်နဝါရီ ၁၂ ရက်က မစ်ဘာ့ဟတ်ဒင် မတ်စ်တင်း၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာ တိုလိုနယူးစ်က ဖော်ပြထားသည်။ ဝန်ကြီးဌာနက ကြက်မွေးမြူသူများကို ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Source: မြန်မာ့အလင်းသတင်းစာ
MM-News-Category