၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ ဂျီဒီပီတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းအထိရောက်ရှိလာနိုင်
ဗီယက်နမ်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ယခု ၂၀၂၅ ခုနှစ်တွင် ၇ ရာခိုင်နှုန်းအထိရောက်ရှိလာနိုင်ကြောင်း စင်ကာပူအခြေစိုက် United Overseas ဘဏ်က ခန့်မှန်းထားကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြသည်။
ဗီယက်နမ်နိုင်ငံ၏စီးပွားရေး တိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် စတင်အရှိန်အဟုန်မြင့်တက်လာပြီး ယခု ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံ၏ထုတ်လုပ်မှု၊ ပြည်သူများ၏သုံးစွဲမှု၊ နိုင်ငံအတွင်းသို့ ခရီးသွားဧည့်သည်များ ဝင်ရောက်လာမှုတို့ကြောင့် နိုင်ငံ့ဂျီဒီပီသည် မြင့်တက်လာနိုင်ခြင်းဖြစ်ကြောင်း United Overseas ဘဏ်ကခန့်မှန်းထားခြင်းဖြစ်သည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဗီယက်နမ်၏ ပို့ကုန်အပေါ်အမှီသဟဲပြုမှု မြင့်တက်လာခြင်းကြောင့် မသေချာမှု၊ မရေရာမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။
ထို့ပြင် ဗီယက်နမ်၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၄ ခုနှစ်ကာလအများစု အတွင်းဖြစ်ပွားခဲ့သည့် ၄ ဒသမ ၅ ရာခိုင်နှုန်းအောက်တွင်သာ ရှိသောကြောင့် ဗီယက်နမ်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဆိုင်ရာမူဝါဒများကို ဖြေလျှော့ပေးနိုင်မည့် အလားအလာရှိသည်။
ဗီယက်နမ်နိုင်ငံသည် ဝန်ဆောင်မှုကဏ္ဍနှင့် စက်မှုထုတ်ကုန်များ ထုတ်လုပ်ရေး ကဏ္ဍများကြောင့် နိုင်ငံ့ဂျီဒီပီမှာ တိုးတက်လာခြင်းဖြစ်သည်။
Source: Myawady Web Portal