ရုရှားနိုင်ငံတွင် ခရီးသည်တင် မော်တော်ယာဉ်ရောင်းချရမှု ၄၈ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်
ရုရှားနိုင်ငံတွင် ခရီးသည်တင်မော်တော်ယာဉ် ရောင်းချရမှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် အစီးရေ ၁ ဒသမ ၅၇၁ အထိရောက်ရှိလာခြင်းကြောင့် ၄၈ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း TASS သတင်းအေဂျင်စီက ထုတ်ပြန်သည်။
ရောင်းချခဲ့ရသည့် မော်တော်ယာဉ်များအနက် ရုရှားပြည်တွင်းဖြစ် ကားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Lada မှ ထုတ်လုပ်သည့် မော်တော်ကားအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၄၃၆၁၅၅ စီးရောင်းချခဲ့ရာ ယခင်ကထက် ၃၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာသည်။ အဆိုပါကုမ္ပဏီ၏ ဈေးကွက်ထိန်းချုပ်မှုနှုန်းမှာလည်း ၂၈ ရာခိုင်နှုန်းအထိမြင့်တက်လာသည်။
ရုရှားနိုင်ငံအတွင်း ရောင်းချခဲ့ရသည့် ပြည်ပထုတ် မော်တော်ယာဉ်များအနက် တရုတ်နိုင်ငံ၏ Haval အမျိုးအစားသည် အထင်ရှားဆုံးဖြစ်သည်။ အဆိုပါကားကုမ္ပဏီသည် ပြီးခဲ့သည့် နှစ်တစ်နှစ်တည်းမှာပင် မော်တော်ယာဉ် အစီးပေါင်း နှစ်သိန်းနီးပါး ရောင်းချနိုင်ခဲ့ပြီး ရောင်းအားမှာ ယခင်ကထက် ၇၀ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာသည်။
ထို့ပြင် အခြားတရုတ်ကားကုမ္ပဏီများဖြစ်သည့် Chery ၊ Geely နှင့် Changanတို့မှာလည်း ရောင်းရအကောင်းဆုံးကုမ္ပဏီ ၁၀ ခုတွင် ပါဝင်လျက်ရှိသည်။
လက်ရှိတွင် Lada မှ ထုတ်လုပ်သည့် မော်တော်ကားများသည် ရောင်းအား အကောင်းဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။
Source: Myawady Web Portal