အင်ဒိုနီးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှု ပမာဏမြင့်တက်လာမည့် အလားအလာရှိ
အင်ဒိုနီးရှားနိုင်ငံက BRICS အဖွဲ့သို့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ပြီး နောက်ပိုင်းတွင် နိုင်ငံအတွင်း၌ BRICS အဖွဲ့ဝင်နိုင်ငံများမှ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် မြင့်တက်လာမည့် အလားအလာရှိကြောင်း သိရသည်။
နိုင်ငံအတွင်းသို့ BRICS အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ဝင်ရောက်လာခြင်းသည် နိုင်ငံ၏စီးပွားရေး တိုးတက်မှုကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး ပြည်တွင်းစီးပွားရေး လုပ်ဆောင်မှုများ တိုးမြင့်လာခြင်းသည် အင်ဒိုနီးရှားအစုရှယ်ယာ ဈေးကွက်၏ လုပ်ဆောင်မှုကို ပိုမိုတိုးတက် ကောင်းမွန်လာစေမည်ဖြစ်ကြောင်း အင်ဒိုနီးရှား အစုရှယ်ယာဈေးကွက်မှ ညွှန်ကြားရေးမှူး ဂျက်ဖရီဟင်းဒရစ်က ဇန်နဝါရီလ၁၀ ရက်တွင် ပြောသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးဖြစ်ထွန်းမှုနှင့် စိုးရိမ်မကင်းဖြစ်မှုများကို အဓိကဖြေရှင်းရန်နှင့် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် လိုအပ်ကြောင်း အင်ဒိုနီးရှား အစုရှယ်ယာဈေးကွက်မှ တာဝန်ရှိသူများက တိုက်တွန်းထားသည်။
အင်ဒိုနီးရှားနိုင်ငံသည် BRICS အဖွဲ့ဝင် နိုင်ငံအဖြစ် ယခုရက်သတ္တပတ် အစောပိုင်းက ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
Source: Myawady Web Portal