ပြင်သစ်နိုင်ငံရေးပါတီ Ecologists ခေါင်းဆောင်က X Social Media Platform ကို EU နိုင်ငံများတွင် ပိတ်ပင်ရန် တောင်းဆို
ပြင်သစ်နိုင်ငံရေးပါတီ The Ecologists ခေါင်းဆောင် Marine Tondelier က Elon Musk ၏ X Social Media Platform ကို ဥရောပသမဂ္ဂနိုင်ငံများ၌ ပိတ်ပင်ရန် တောင်းဆိုလိုက်ပါသည်။ ၎င်း၏တောင်းဆိုမှုအကြောင်းပြချက်တစ်ခုမှာ ဒီမိုကရေစီဖော်ဆောင်မှုလမ်းစဉ်ကို အနှောင့်အယှက်ဖြစ်စေခြင်းကြောင့်ဟု ပြောဆိုထားပြီး အထူးသဖြင့် ရွေးကောက်ပွဲကာလများတွင် ပိတ်ပင်ရန် ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၂ ရက်နေ့တွင် RTL ၏ Le Grand Jury အစီအစဉ်၌ Tondelier က Elon Musk နှင့် EU တာဝန်ရှိသူများအကြား တင်းမာမှုမြင့်တက်နေချိန်တွင် X ၏ လွှမ်းမိုးနေမှုအပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြည်သူအများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် အရေးပါသော်လည်း အမြင်လွဲမှားစေမည့် အယူအဆအချက်အလက်များ ဖြန့်ဝေမှုသည် အန္တရာယ်များပြီး ပိုင်ဆိုင်မှုကြွယ်ဝလာခြင်းနှင့်အတူ အခွင့်အာဏာရရှိရေး လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ကိုးကား-RT