ရဲတပ်ဖွဲ့နှင့် သမ္မတအစောင့်များအကြား ထိပ်တိုက်တွေ့မှုများကို တားဆီးသွားမည်ဖြစ်ကြောင်း သမ္မတ ယွန်း၏ အရာရှိချုပ် ကတိပြု
တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ၏ ဦးစီးအရာရှိချုပ်က မစ္စတာ Yoon ကို ဖမ်းဆီးထိန်းသိမ်းရေးဝရမ်းအရ ထိန်းသိမ်းရန်ကြိုးပမ်းနေသော ရဲတပ်ဖွဲ့နှင့် သမ္မတလုံခြုံရေးအစောင့်များအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်မလာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုလိုက်ပါသည်။
ဦးစီးအရာရှိချုပ် Chung Jin Suk ၏ ဇန်နဝါရီ ၁၄ ရက်နေ့၊ နံနက်ခင်းထုတ်ပြန်ချက်အရ ဖမ်းဝရမ်းပါအမိန့်အား ဖော်ဆောင်ရန် စုံစမ်းစစ်ဆေးရေး တာဝန်ရှိ သူများသည် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ထပ်မံ ကြိုးစားမည်ဟု ယူဆရကြောင်း ၎င်းကပြောပါသည်။ စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေးတာဝန်ရှိသူများက မစ္စတာ Yoon အား စစ်ဆေးမေးမြန်းမှုပြုလုပ်ရန် လိုလားလျက်ရှိပါသည်။
ဇန်နဝါရီ ၃ ရက်က မစ္စတာ Yoon အားဖမ်းဆီးရန် စုံစမ်းစစ်ဆေးရေးမှူးများ၏ ကြိုးပမ်းမှုကို သမ္မတလုံခြုံရေးအဖွဲ့ (PSS)က တားဆီးပိတ်ဆို့ခဲ့ပါသည်။ စုံစမ်းစစ်ဆေးသူများသည် နောက်ထပ်တဖန်အရေးယူရန် စီစဉ်နေသော်လည်း PSS က ပူးပေါင်းဆောင်ရွက်ရေး ငြင်းဆိုထားပါသည်။
စုံစမ်းစစ်ဆေးမှုဆောင်ရွက်ချက်များအပေါ် မစ္စတာ Chung က ဝေဖန်ခဲ့ပြီး နိုင်ငံ၏အကျပ်အတည်း မဖြစ်စေရန် တတ်နိုင်သမျှ အားလုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့ပါသည်။
ကိုးကား-NHK World