မြောက်ကိုရီးယားက ဂျပန်ပင်လယ်ထဲ အမျိုးအစား ခွဲခြားမရသည့် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

News Image

  • မြောက်ကိုရီးယားက ဂျပန်ပင်လယ်ထဲ အမျိုးအစား ခွဲခြားမရသည့် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားသည် ဇန်နဝါရီ ၁၃ ရက်နေ့က ဂျပန်ပင်လယ်ထဲသို့ အမျိုးအစား ခွဲခြားမရနိုင်သော ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း၊ အဆိုပါ ဒုံးကျည် သည် ပဲ့ထိန်းဒုံးကျည်အမျိုးအစားဖြစ်နိုင်ကြောင်း တောင်ကိုးရီးယားနိုင်ငံက ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပြီး အဆိုပါဒုံးကျည်မှာ မိမိနိုင်ငံကို ကာကွယ်ရန်တီထွင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနယ်နိမိတ်အနီး အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်နေမှုမှာ နိုင်ငံတကာဥပဒေကို တမင်ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် Vasily Nebenzya က ဇန်နဝါရီ ၉ ရက်တွင် ဝေဖန်ထားသည်။ 

ကိုးကား - TASS

Photo: News.az