ဂရင်းလန်းတွင် နျူကလီးယားထိပ်ဖူးများ သယ်ဆောင်နိုင်သည့် လေယာဉ်များဆင်းသက်ရန် လေဆိပ်အဆောက်အအုံတစ်ခု အမေရိကန် တည်ဆောက်ဟုဆို

News Image

  • ဂရင်းလန်းတွင် နျူကလီးယား ထိပ်ဖူးများ သယ်ဆောင် နိုင်သည့် လေယာဉ်များဆင်းသက်ရန် လေဆိပ်အဆောက်အအုံတစ်ခု အမေရိကန် တည်ဆောက်ဟုဆို

(၁၂-၁-၂၀၂၅ ရက်နေ့ နောက်ဆက်တွဲ သတင်း) 

ဒိန်းမတ်ပိုင်နက် ဂရင်းလန်းကို စစ်အင်အားဖြင့် ရယူမည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီးနောက်တွင် ရုရှားက ဂရင်းလန်းကိစ္စအပေါ် အနီးကပ်စောင့်ကြည့်နေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ   Dmitry Peskov  က ပြောကြားလိုက်ပါသည်။ 

“မိမိတို့အနေဖြင့် အဆိုပါကိစ္စတိုးတက်မှုအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ ကြေညာချက်ထုတ်ပြန်ရန်အဆင့်သာ ကျန်ရှိနေကြောင်း” ၎င်းက ဇန်နဝါရီ ၉ ရက်နေ့တွင် မော်စကို၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ (အင်္ဂါနေ့)ကလည်း ဒေါ်နယ်ထရမ့်က ဂရင်းလန်းကို ထိန်းချုပ်လိုကြောင်း ၎င်း၏ ဆန္ဒကိုထပ်ခါတလဲလဲ ပြောကြားထားပါသည်။ ဂရင်းလန်းကိုပိုင်ဆိုင်ရန်  စီးပွားရေး သို့မဟုတ် စစ်ရေး အင်အားသုံးမည်လား”ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် ၎င်းအနေဖြင့် အဆိုပါကိစ္စကို ကတိကဝတ်မပေးနိုင်ကြောင်း ပြန်လည်ဖြေကြားထားပါသည်။ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းဒေသကို လိုအပ်ကြောင်း ထရမ့်က နောက်ပိုင်းတွင် ခပ်စိပ်စိပ် ပြောလာပါသည်။ 

အာတိတ်ဒေသတွင်တည်ရှိပြီး သတ္တုပေါပြည့်ကြွယ်ဝသည့် ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကို  လွှမ်းမိုးထိန်းချုပ်နိုင်ရန် မကြာသေးမီနှစ်များအတွင်း ရုရှား၊ တရုတ်နှင့် အမေရိကန်တို့အနေဖြင့် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိနေပါသည်။ အာတိတ်ဒေသက  ရုရှားအတွက်  မဟာဗျူဟာမြောက် အရေးပါကြောင်း Dmitry Peskov  က ထပ်လောင်းပြောကြားထားပါသည်။ 

ကိုးကားALJAZEERA

Photo: BBC