တရုတ်နိုင်ငံက Smart Dragon-3 ဒုံးပျံဖြင့် ပင်လယ်ထဲမှ ဂြိုဟ်တုများလွှတ်တင်

News Image

  • တရုတ်နိုင်ငံက Smart Dragon-3 ဒုံးပျံဖြင့် ပင်လယ်ထဲမှ ဂြိုဟ်တုများလွှတ်တင်

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်မှ Smart Dragon-3 ဒုံးပျံတစ်စင်းကို လွှတ်တင်ခဲ့ကာ ၎င်းဒုံးပျံမှာ CentiSpace 01 ဂြိုဟ်တုအစုအဝေးအား သတ်မှတ် ဂြိုဟ်ပတ်လမ်းထဲသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးပျံအား ဟိုင်ရန်မြို့အနီးရှိ ပင်လယ်ပြင်မှ ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ၌ လွှတ်တင်ခဲ့ခြင်းဖြစ်ကာ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ကမ်းလွန်၌ ဒုံးပျံလွှတ်တင်မှုမစ်ရှင်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ