ဂါဇာကမ်းမြောင်ဒေသတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစပြီး ယခုအချိန်အထိ ပါလက်စတိုင်း သေဆုံးမှု ၄၆,၇၀၀ ကျော်ရှိ
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစပြီး ပါလက်စတိုင်း ၄၆,၇၀၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ၎င်း၏ Telegram တွင် ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်သည် ၄၆,၇၀၇ ဦးအထိ တိုးလာခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁၀,၂၆၅ ဦး ရှိကြောင်း အဆိုပါ ပို့စ်တွင် ဖော်ပြထားသည်။ ပါလက်စတိုင်း ကျန်းမာရေးအရာရှိများ၏အဆိုအရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးနယ်မြေအတွင်း တိုက်ခိုက်မှုကြောင့် အာရပ် လူမျိုး ၆၂ ဦး သေဆုံးပြီး ၂၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြှောင်အခြေစိုက် အစွန်းရောက် ပါလက်စတိုင်းလှုပ်ရှားမှု ဟားမတ်စ်စစ်သွေးကြွများသည် ဂါဇာမှ အစ္စရေးပိုင်နက်ကို စီးနင်းတိုက်ခိုက်ခဲ့ရာ အစ္စရေးနယ်စပ် အခြေချနေထိုင်သူ ၂၄၀ ကျော် သေဆုံးပြီး ဓားစာခံ ၂၄၀ ကျော်ကိုဖမ်းဆီးလိုက်သည့်အချိန်တွင် အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများ မြင့်တက်လာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် ဂါဇာတွင် ဟားမတ်စ်၏စစ်ရေးနှင့် နိုင်ငံရေးတည်ရှိနေမှုကို ချေမှုန်းရန်နှင့် ဓားစာခံများအားလုံးကိုလွှတ်ပေးရန် ဂါဇာတွင် ပြင်းထန်သောစစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
ကိုးကား-Myanmar National Post