Twitter ရှယ်ယာဝယ်ယူမှု ထုတ်ပြန်ရန် ပျက်ကွက်သဖြင့် အီလွန်မက်စ် တရားစွဲခံရ
တွစ်တာ စတော့ရှယ်ယာပိုင်ဆိုင်မှုကို ထုတ်ဖော်ရန် ပျက်ကွက်ခဲ့မှု၊ ကုမ္ပဏီရှယ်ယာများကို ဈေးနှိမ်ပြီး ဝယ်ယူပိုင်ဆိုင်ခဲ့မှုများကြောင့် အီလွန်မက်စ်အား အမေရိကန်ဘဏ္ဍာရေးပညာရှင်တစ်ဦးက တရားစွဲဆိုထားကြောင်း သိရှိရပါသည်။
ပြီးခဲသည့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် အီလွန်မက်စ်အား မသမာသည့်နည်းလမ်းအသုံးပြု၍ ရှယ်ယာဝယ်ယူထားမှုဖြင့် အမေရိကန်၊ ရှယ်ယာနှင့် ငွေကြေးလဲလှယ်မှုကော်မရှင်က အမေရိကန်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အမှုဖွင့်ခဲ့ပါသည်။ အီလွန်မက်စ်သည် Twitter ကုမ္ပဏီအား မဝယ်ယူခင်က ကုမ္ပဏီ၏ ရှယ်ယာ ၅ % ကို ထုတ်ပြန်ကြေညာခြင်းမပြုဘဲ ဝယ်ယူခဲ့ခြင်းကို ၎င်း၏ ရှယ်ယာပိုင်ဆိုင်မှုအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးမှသာ သိရှိရကြောင်း၊ Twitter ရှယ်ယာများအတွက် အမေရိကန် ဒေါ်လာ သန်း ၁၅၀ လျော့နည်းပြီး ပေးချေထားကြောင်း စွဲချက်တင်ထားပါသည်။
အီလွန်မက်စ်သည် Twitter ကို ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၄၄ ဘီလီယံနှင့် ဝယ်ယူခဲ့ပြီးနောက် X မီဒီယာပလက်ဖောင်းဟု အမည်ပြောင်းခဲ့ပါသည်။ Twitter ကို အပိုင်မဝယ်ယူခင်က ကုမ္ပဏီ၏ ရှယ်ယာ ၅ % ကို ထုတ်ပြန်ကြေညာခြင်းမပြုဘဲ ဝယ်ယူခဲ့သည့် အီလွန်မက်စ်၏ ရှယ်ယာပိုင်ဆိုင်မှု အစီရင်ခံစာ ထွက်လာပြီး ၁၁ ရက် အကြာတွင် SEC က တရားစွဲဆိုလိုက်ခြင်းဖြစ်ပါသည်။
အီလွန်မက်စ်သည် ပြီးခဲ့သည့် အမေရိကန် ပြည်ထောင်စုရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးမှုအတွက် အမေရိကန်ဒေါ်လာသန်း ၂၅၀ ကျော် သုံးစွဲပေးထားပြီး ရွေးကောက်ခံသမ္မတဖြစ်လာသူ ထရမ့်ကလည်း ၎င်းအား အစိုးရအကြံပေးအဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ထားပါသည်။
ကိုးကား -The Guardian