၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးပို့ကုန် တင်ပို့မှုမှ ဒေါ်လာ ၈ ဘီလီယံအထိ ရရှိနိုင်မည်ဟု ဗီယက်နမ် မျှော်မှန်း

News Image

  • ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးပို့ကုန် တင်ပို့မှုမှ ဒေါ်လာ ၈ ဘီလီယံအထိ ရရှိနိုင်မည်ဟု ဗီယက်နမ် မျှော်မှန်း

ဗီယက်နမ်နိုင်ငံသည် ယခု ၂၀၂၅  ခုနှစ်တွင် နိုင်ငံအတွင်းမှ ထွက်ရှိသည့် အသီးအနှံနှင့်ဟင်းသီးဟင်းရွက်  စသည့် စိုက်ပျိုးပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၈ ဘီလီယံအထိ ရရှိနိုင်မည်ဟု မျှော်မှန်းလျက်ရှိသည်။

နိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် လက်ရှိဖြစ်ပွားနေသည့် ကုန်သွယ်ရေး တင်းမာမှုများ၊ ပထဝီနိုင်ငံရေးပဋိပက္ခများသည် အဟန့်အတားများအဖြစ် တည်ရှိနေကြောင်း၊ ဗီယက်နမ်အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စိုက်ပျိုးထုတ်ကုန်များ တင်ပို့မှုမှ ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံအထိရရှိခဲ့ကြောင်း ဗီယက်နမ်အသီးအနှံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ငုယင်သန်းဘင်၏   ဇန်နဝါရီလ ၁၄ ရက်ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာ တစ်ခုကဖော်ပြသည်။

ဗီယက်နမ်စိုက်ပျိုးရေးကုမ္ပဏီများ အနေဖြင့် ၎င်းတို့ထုတ်ကုန်များ၏ အရည်အသွေးနှင့်ပြိုင်ဆိုင်မှုကို တိုးမြှင့်နိုင်ရန် အာရုံစိုက်လုပ်ဆောင်သင့်ပြီး ဗီယက်နမ်နှင့် နှစ်နိုင်ငံကြား သို့မဟုတ် နိုင်ငံစုံ သဘောတူညီချက်များပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် လုပ်ဆောင်သင့်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဗီယက်နမ်နိုင်ငံမှထုတ်လုပ်သည့် စိုက်ပျိုးထုတ်ကုန်များသည် ဈေးကွက်ထိုးဖောက်နိုင်မှု တိုးတက်လာလျက်ရှိပြီး တရုတ်နိုင်ငံအတွင်းရှိ ဈေးကွက်အတွင်းမှာပင် တတိယနေရာမှ ယခုအခါ ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း Xinhua သတင်း အေဂျင်စီတွင် ဖော်ပြထားသည်။

Source: Myawady Web Portal