ဗြိတိန်သည် ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရာတွင်ပါဝင်ရန် အသင့်ရှိကြောင်း ကြေညာ

News Image

  • ဗြိတိန်သည် ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရာတွင်ပါဝင်ရန် အသင့်ရှိကြောင်း ကြေညာ

ဗြိတိန်သည်ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရာတွင် ပါဝင်ရန်အသင့်ရှိကြောင်း ဗြိတိန် ဝန်ကြီးချုပ် Keir Starmer က Kiev သို့ သွားရောက်စဉ် Sky News Channel ၌ ပြောကြားခဲ့ပါသည်။ ၎င်းက အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး ပြင်သစ်သမ္မတ Emmanuel Macron အပါအဝင် မဟာမိတ်အများအပြား နှင့်ဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရာတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါသည်။   ပြင်သစ်သမ္မတ Emmanuel Macron သည် အနာဂတ်တွင် ယူကရိန်း၌ ငြိမ်းချမ်းရေးသဘောတူညီချက်များရရှိပြီးနောက်တွင် ယူကရိန်းတွင်အနောက်တိုင်း ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရန် ၎င်း၏ပဏာမခြေလှမ်းကို ထောက်ခံရန် NATO အဖွဲ့ဝင်များကိုစည်းရုံးရန် ကြိုးစားနေကြောင်း Sky News Channel၏ ထုတ်ဝေမှုတွင် ဖော်ပြထားပါသည်။ ထိုထုတ်ဝေမှု၏ ဖော်ပြချက်အရ အဆိုပါအကြောင်းအရာသည် ပြီးခဲ့သည့်သီတင်းပတ်က ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နှင့်တွေ့ဆုံခဲ့သော မက်ခရွန်၏ ဗြိတိန်ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။

ပဋိပက္ခပြီးဆုံးပြီးနောက် ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့များ ပူးတွဲစေလွှတ်ရန် လန်ဒန်က ပါရီ၏ အဆိုပြုချက်များအား သဘောတူညီခြင်းမရှိသေးကြောင်း Daily Telegraph သတင်းစာက အစောပိုင်းတွင် ဖော်ပြခဲ့ ပါသည်။

ကျွမ်းကျင်သူများက ယူကရိန်းတွင် NATO ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ရှိနေခြင်းသည် ရုရှားနှင့်အမေရိကန် အပါအဝင်မဟာမိတ်နိုင်ငံများအကြားစစ်ရေးပဋိပက္ခဖြစ်ပွားနိုင်သည့်အန္တရာယ်ကို တိုးမြှင့်စေမည်ဖြစ်ကြောင်း ထောက်ပြကြပါသည်။

ကိုးကား - TASS