ဂျပန်နိုင်ငံသို့ ၂၀၂၄ ခုနှစ်အတွင်း လာရောက်လည်ပတ်သူ စံချိန်တင်မြင့်တက်
ဂျပန်နိုင်ငံအတွင်းသို့ ပြီးခဲ့သည့် ၂၀၂၄ခုနှစ်အတွင်း လာရောက်လည်ပတ်သူ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များ၌ ဖော်ပြထားသည်။
ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းမှုကြောင့် နိုင်ငံအတွင်းသို့ ခရီးသွားပြည်သူများ လာရောက်လည်ပတ်ရန် ဆွဲဆောင်နိုင်ခဲ့ရာ နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသည်အရေအတွက်မှာ ၂၀၂၄ ခုနှစ်တွင် ၃၆ ဒသမ ၈ သန်းကျော်အထိ မြင့်တက်လာကြောင်း ဂျပန်အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
ယင်းပမာဏသည် ၂၀၁၉ ခုနှစ်က နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်အရေအတွက်ထက် ကျော်လွန်သွားခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်းသို့ ခရီးသည်များဝင်ရောက်မှု ပြန်လည်မြင့်တက်လာခြင်းသည် ထင်ရှားသည့် ဖူဂျီတောင်၏ ဆွဲဆောင်မှုများကို တိုးမြှင့်ပေးသည့် အစိုးရအဖွဲ့၏ မူဝါဒကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း အခြားငွေကြေးများနှင့် လဲလှယ်ရာတွင် ယန်းငွေတန်ဖိုး ကျဆင်းခြင်းကြောင့် ပြည်ပခရီးသွားများအတွက် ဂျပန်နိုင်ငံအတွင်း ဈေးဝယ်ယူရာတွင် ငွေကြေးပိုမိုသုံးစွဲနိုင်စေခဲ့သည်။
ဂျပန်အစိုးရသည် လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်အရေအတွက်ကို သန်း ၆၀ အထိမြင့်တက်လာစေရန် မျှော်မှန်းလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
Source: Myawady Web Portal