နောင်ချိုမြို့နယ်အတွင်း PDF အဖွဲ့ဝင် ၂ ဦးကို TNLA အကြမ်းဖက်အဖွဲ့က ရက်စက်စွာသတ်ဖြတ်

News Image

  • နောင်ချိုမြို့နယ်အတွင်း PDF အဖွဲ့ဝင် ၂ ဦးကို TNLA အကြမ်းဖက်အဖွဲ့က ရက်စက်စွာသတ်ဖြတ်

လူငယ် ၂ ဦးကို TNLA အကြမ်းဖက်အဖွဲ့က လက်ပြန် ကြိုးတုပ်၍ ခေါ်ဆောင်လာပြီး သစ်ပင်အနီးတွင် ထိုင်ခိုင်းကာ နောက်မှသေနတ်ဖြင့် ပစ်သတ်သည့်ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံလျက်ရှိသည်။

အဆိုပါရုပ်သံမှာ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက် လှုပ်ရှားမှုများဆောင်ရွက်နေသော TNLA/ PDF အကြမ်းဖက်အဖွဲ့များမှ PDF အဖွဲ့ဝင် ၂ဦး ထွက်ပြေး ရာမှ ပြန်လည်ဖမ်းဆီးရမိပြီး TNLA က ပစ်သတ်ခြင်း ဖြစ်ကြောင်းသိရသည်။

TNLA အကြမ်းဖက်သမားက ကြိုးတုတ်ထားသော လူငယ်နှစ်ဦးကို နောက်စေ့မှသေနတ်ဖြင့် တည်ပစ်ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အခြားတစ်ဦးမှလည်း “သေပြီလား” ဟုအော်ဟစ်ပြီး ထပ်မံပစ်ခတ်ကြောင်း တွေ့မြင်ရသည်။

ကိုးကား-Myanmar National Post