မျိုးဆက်သစ် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်
ထုတ်လုပ်မှုကို တောင်ကိုရီးယားစတင်တောင်ကိုရီးယားကာကွယ်ရေးပစ္စည်းဝယ်ယူရေးနှင့် လက်နက်အစီအစဉ် စီမံခန့်ခွဲရေးအဖွဲ့ (DAPA) သည် နိုင်ငံ၏မျိုးဆက်သစ် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်တစ်ခုထုတ်လုပ်မှုကို စတင်လိုက်ပြီဖြစ်သည်။
L-SAM II ဟုအမည်ပေးထားသည့် အဆိုပါတာဝေးပစ်ဒုံးကျည်စနစ်ထုတ်လုပ်ရေးအတွက် DAPA က လာမည့် ၂၀၂၈ ခုနှစ်အထိ ဝမ် ၅၆၇ ဒသမ ၇ ဘီလီယံ (ဒေါ်လာ၃၈၉ ဒသမ ၈ သန်း) အသုံးပြုမည်ဖြစ်သည်။ ၎င်းအစီအစဉ်တွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ၁၉ ခုပါဝင်မည်ဖြစ်သည်။
L-SAM II ဒုံးကျည်စနစ်သည် ယခင် L-SAM စနစ်ထက် ပိုမိုဝေးကွာသည့် အကွာအဝေးမှ ပျံသန်းလာသည့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်မည်ဖြစ်သည်။
ထို့ပြင် L-SAM ဒုံးကျည်စနစ်သည် အကွာအဝေး ၁၅၀ ကီလိုမီတာ၊ မြေပြင်မှ အမြင့် ၄၀ ကီလိုမီတာနှင့် ၁၀၀ ကီလိုမီတာကြား ပျံသန်းလာသည့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ် သည်။ L-SAM II ဒုံးကျည်စနစ်ထုတ်လုပ်မည့်အစီအစဉ်ကို DAPA က ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး Korean Iron Dome ဟု အမည်ပေးထားသည့် အနိမ့်ပျံဒုံးကျည်ကာကွယ်ရေးစနစ် တစ်ခုကိုလည်း ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
N.A
Source: Myawady Web Portal