နယ်စပ်ဖြတ်ကျော်မှုခင်းများကို ပြတ်ပြတ်သားသား တိုက်ဖျက်ပြီး ခရီးသွားများ၏လုံခြုံရေးကို ထိရောက်စွာ ကာကွယ်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား
ထိုင်းင်းနိုင်ငံသက်ဆိုင်ရာဌာနများ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများအား ပြတ်ပြတ်သားသားတိုက်ဖျက်ကာ ခရီးသွားများ၏ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်သွားရန် ညွှန်ကြားထားကြောင်း ထိုင်းဝန်ကြီးချုပ်ပေထုံတန်က ဇန်နဝါရီ ၁၇ ရက် လူမှုကွန်ရက်စာမျက်နှာတွင် စာဖြင့်ရေးသား ဖော်ပြခဲ့သည်။
ယင်းနေ့နံနက်ပိုင်းတွင် ပေထုံတန်က ထိုင်းရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခရီးသွားနှင့် အားကစားဝန်ကြီးဌာနစသည့် သက်ဆိုင်ရာဌာနများအား အစည်းအဝေးခေါ်ယူ၍ ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော ခရီးသွားဧည့်သည်များ၏ ယုံကြည်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီ ပထမလဝက်တွင် ထိုင်းနိုင်ငံ၏ နေ့စဉ် ပျမ်းမျှ တရုတ်ခရီးသွားဧည့်သည် ခရီးသွားလာမှု အကြိမ်ရေသည် ယမန်နှစ် ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက လျော့နည်းခြင်း မရှိကြောင်း အစည်းအဝေးက ထောက်ပြ ခဲ့သည်။ သို့သော် ယုံကြည်မှု တစ်ဆင့်တိုး မြှင့်တင်ရန်အတွက် ပေထုံတန်က သက်ဆိုင်ရာဌာနများကို ထိုင်း ခရီးသွားလုံခြုံမှုအား အများသိရှိစေရေး အားဖြည့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ ၎င်းကိုယ်တိုင် တရုတ်စာတန်းထိုးပါသော ဗီဒီယို ရိုက်ကူး၍ ခရီးသွားများထံသို့ လုံခြုံသည့် သတင်းစကား ပါးရန် စီစဉ်ထားကြောင်းသိရသည်။
ထို့အပြင် ထိုင်းခရီးသွားလုံခြုံရေးပုံရိပ်အား ထိခိုက်သည့် ပြဿနာကို အရှိန်မြှင့်ဖြေရှင်းပြီး ခရီးသွားယုံကြည်မှု ဘက်စုံမြှင့်တင်ရန် ပေထုံတန်က သက်ဆိုင်ရာ ဌာနအသီးသီးအား ဇန်နဝါရီ ၁၃ ရက် အစိုးရအဖွဲ့ အစည်းအဝေးတွင်တောင်းဆိုခဲ့သည်။ရဲအင်အားအပြည့် ဖြန့်ကျက်ပြီး ခရီးသွားများ၏လုံခြုံရေးကို ကာကွယ်မည် ဖြစ်ပြီး ခရီးသွားလုံခြုံရေးပညာပေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု အစည်းအဝေးတွင် အဆိုပြုခဲ့ကြောင်း သိရသည်။
ကိုးကား-Myanmar National Post