အင်ဒိုနီးရှားနိုင်ငံက လာမည့်ငါးနှစ်အတွင်း စက်သုံးဆီ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ရည်မှန်း
ဂျကာတာ ဇန်နဝါရီ ၂၀
အင်ဒိုနီးရှားအစိုးရသည် လာမည့်ငါးနှစ်အတွင်း စက်သုံးဆီ တင်သွင်းမှုများကိုရပ်ဆိုင်းရန် စီစဉ်နေကြာင်း သမ္မတ ပရာဘိုဝို စုရီယန်တိုးက ဇန်နဝါရီ ၂၀ ရက်တွင် ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်ရန်အတွက် သဘာဝသယံဇာတများကို ကုန်ချောနှင့် စက်မှုထုတ်ကုန်များအဖြစ် ပြောင်းလဲရန် အဓိကထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း သမ္မတ စုရီယန်တိုးက ပြောသည်။
ထို့အပြင် အင်ဒိုနီးရှားနိုင်ငံသည် စားရေရိက္ခာဖူလုံမှုရှိရေးအတွက် ရည်မှန်းချက်ထားလုပ်ဆောင်လျက်ရှိပြီး ၂၀၂၇ ခုနှစ်တွင် အောင်မြင်မှုရရှိမည်ဟု မျှော်မှန်းထားသည်။
Source: မြန်မာ့အလင်းသတင်းစာ
MM-News-Category