ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် လုံခြုံရေးကောင်စီနှင့် စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်

News Image

  • ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် လုံခြုံရေး ကောင်စီနှင့် စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေး တစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် လုံခြုံရေးကောင်စီနှင့် စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးတစ်ရပ် ကို ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်ခဲ့ကြောင်း TASS သတင်းအေဂျင်စီ က ဖော်ပြထားပါသည်။

ရုရှားသမ္မတ ပူတင်သည် ရုရှားလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များနှင့် ပုံမှန်အစည်းအဝေးပြုလုပ်လေ့ရှိသော်လည်း များသောအားဖြင့် သောကြာနေ့များတွင်ဖြစ်ပါသည်။ ယခုတစ်ကြိမ် တနင်္လာနေ့တွင် ထိုအစည်းအဝေးပွဲမျိုးကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ဇန်နဝါရီ ၂၀ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၌ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကျင်းပမည်ဖြစ်ပြီး အဆိုပါ အကြောင်းအရာသည် လုံခြုံရေးကောင်စီနှင့် ရုရှားဖက်ဒရေးရှင်းသမ္မတ တွေ့ဆုံမှု၏ အကြောင်းအရာများအနက် တစ်ခုအဖြစ်ပါဝင်ခဲ့ပါသည်။

ရုရှားသမ္မတပူတင်က ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတ အဖြစ် ရာထူးတက်လာခြင်းကို ဂုဏ်ပြုခဲ့ပြီး ရုရှားနှင့် တိုက်ရိုက်အဆက်အသွယ်ပြန်လည်ရရှိပြီး တတိယကမ္ဘာစစ်ကို တားဆီးရန် အမေရိကန် အစိုးရသစ်၏ ဆုံးဖြတ်ချက်ကို မော်စကိုက ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား- TASS