ဂျပန်နိုင်ငံ တောင်တန်းဒေသတွင် တောမီးဆက်လက်လောင်လျက်ရှိ

News Image

  • ဂျပန်နိုင်ငံ တောင်တန်းဒေသတွင် တောမီးဆက်လက်လောင်လျက်ရှိ

ဂျပန်နိုင်ငံ တောင်တန်းဒေသတွင် လောင်ကျွမ်းနေသည့်  တောမီးကိုလက်ရှိအချိန်အထိငြှိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း NHK သတင်းဌာနက ဇန်နဝါရီလ ၁၉ ရက်တွင် ဖော်ပြသည်။ တောမီးသည်  ယာမာနာရှီစီရင်စုအတွင်းရှိ ကိုဖူမြို့နှင့် ဖူဖူကူးမြို့တို့တွင်ဇန်နဝါရီလ ၁၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က   စတင်လောင်ကျွမ်းခြင်းဖြစ်သည်။ တောမီးလောင်ကျွမ်းရာဒေသများသို့ အာဏာပိုင်အဖွဲ့က ရဟတ်ယာဉ်များစေလွှတ်၍ မီးကိုထိန်း ချုပ်နိုင်ရန်ကြိုးပမ်းခဲ့သော်လည်း   မီးကိုအပြီးသတ်ငြှိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း သတင်းဌာနကဆက်လက်ဖော်ပြသည်။

လက်ရှိတွင်   တောမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသူမရှိသေးကြောင်းနှင့် လူနေရပ်ကွက်များသို့ ခြိမ်းခြောက်ခြင်းမရှိသေးကြောင်း သိရသည်။

Source: Myawady Web Portal