ပါကစ္စတန်နိုင်ငံ၏ အထူးစီးပွားရေးဇုန်များ မြှင့်တင်ရန် တရုတ်-ပါကစ္စတန်အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်
အစ္စလာမ္မာဘတ် ဇန်နဝါရီ ၂၁
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအရ ပါကစ္စတန်နိုင်ငံ၏ အထူးစီးပွားရေးဇုန်များမြှင့်တင်ရန် တရုတ်-ပါကစ္စတန်အကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပါကစ္စတန်ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
စိမ်းလန်းသော အထူးစီးပွားရေးဇုန်များ မြှင့်တင်ဖော်ဆောင်ရာတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံမှ သင်ယူခြင်းဖြင့် ပါကစ္စတန်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့် လိုက်လျောညီထွေရှိသော စက်မှုလုပ်ငန်းများကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဈေးကွက်ရှာဖွေရေးအစီအစဉ်များနှင့် ပြည်ပနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအတွက် မက်လုံးများအပါအဝင် ပါကစ္စတန်နိုင်ငံ၏ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများ ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ပါကစ္စတန်နိုင်ငံ၏ စက်မှုလုပ်ငန်းတိုးတက်မှုအတွက် နောက်ထပ်ခြေလှမ်းအဖြစ် စက်မှုဥယျာဉ်များ တည်ဆောက်ရန်လိုအပ်ကြောင်း တရုတ်-ပါကစ္စတန်အင်စတီကျုတာဝန်ရှိသူ မူစတာဖာက ပြောကြားသည်။
Source: ကြေးမုံသတင်းစာ