ကမ္ဘောဒီးယားနိုင်ငံ၏ ကားတာယာတင်ပို့မှု ၂၀၂၄ ခုနှစ်အတွင်း စံချိန်တင်အဖြစ် ၁၂၉ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်

News Image

  • ကမ္ဘောဒီးယားနိုင်ငံ၏ ကားတာယာတင်ပို့မှု  ၂၀၂၄ ခုနှစ်အတွင်း စံချိန်တင်အဖြစ်  ၁၂၉ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်

ကမ္ဘောဒီးယားနိုင်ငံ၏ မော်တော်ကားတာယာတင်ပို့မှုသည် ၂၀၂၄ ခုနှစ်အတွင်းစံချိန်တင်အဖြစ် ၁၂၉ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အကောက်ခွန်အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ကားတာယာတင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၈၇၄ ဒသမ ၆ သန်းအထိမြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်ကရရှိခဲ့သည့် ပမာဏနှင့်နှိုင်းယှဉ်ပါက ၁၂၉ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၃၈၀ ဒသမ ၆ သန်းတန်ဖိုးရှိ ကားတာယာများကို တင်ပို့နိုင်ခဲ့သည်။

ကားတာယာတင်ပို့မှုမြင့်တက်လာခြင်းသည်  နိုင်ငံ၏ပို့ကုန်မြှင့်တင်ရေးကြိုးပမ်းမှုများ အောင်မြင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ တရုတ်၊ တောင်ကိုရီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့နှင့် နှစ်နိုင်ငံကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များချမှတ်နိုင်ခြင်းကြောင့်ဖြစ်ကြောင်းကုန်သွယ်ရေးဝန်ကြီးဌာနကပြောသည်။

လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံအတွင်း၌ အထူးစက်မှုဇုန်ကြီးများတွင် ကားတာယာထုတ်လုပ်ရေးစီမံကိန်း  ခြောက်ခုကိုဖော်ဆောင်လျက်ရှိသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားနိုင်ငံသည် လျှပ်စစ်စက်ဘီးများအပါအဝင် ဒေါ်လာ ၄၂၆ ဒသမ ၉ သန်း တန်ဖိုးရှိ စက်ဘီးများကို ပြီးခဲ့သည့်နှစ်အတွင်းက တင်ပို့နိုင်ခဲ့သည်။

Source: Myawady Web Portal