ရုရှားသမ္မတပူတင်နှင့်ဖုန်းမှတစ်ဆင့်ပြောဆိုဆွေးနွေးရန် ထရမ့်ကအကြံပေးများကိုညွှန်ကြား

News Image

  • ရုရှားသမ္မတပူတင်နှင့်ဖုန်းမှတစ်ဆင့်ပြောဆိုဆွေးနွေးရန် ထရမ့်ကအကြံပေးများကိုညွှန်ကြား

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး   မကြာမီရက်ပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းမှတစ်ဆင့်ပြောဆိုဆွေးနွေးရန် ၎င်း၏အကြံပေးများကို ညွှန်ကြားခဲ့ကြောင်း အမေရိကန်အစိုးရအဖွဲ့မှအရင်းအမြစ်များကိုကိုးကား၍ မီဒီယာတစ်ခုက ဖော်ပြသည်။

နှစ်နိုင်ငံခေါင်းဆောင်များကြား လုပ်ဆောင်မည့် အဆိုပါဖုန်းခေါ်ဆိုမှုသည် နှစ်နိုင်ငံစလုံးမှ နိုင်ငံရေးသမားများကြား ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးရန် ဖြစ်နိုင်ဖွယ်ရှိကြောင်း  မီဒီယာတွင်ဆက်လက်ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို မကြာမီလပိုင်းအတွင်းကျင်းပမည့် အလားအလာရှိကြောင်းသိရသည်။

သို့ရာတွင် နှစ်နိုင်ငံစလုံးမှ နိုင်ငံရေးသမားများကြား   တွေ့ဆုံမည့်နေ့ရက်သတ်မှတ်ရေးအတွက်  နှစ်ဖက်စလုံးက သဘောတူညီချက်ချမှတ်နိုင်ခြင်းရှိ၊ မရှိကိုမူ မသိရသေးပေ။

ထရမ့်နှင့်  ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အနေဖြင့် မကြာမီရက်ပိုင်း သို့မဟုတ် ရက်သတ္တပတ်များအတွင်း ဖုန်းမှတစ်ဆင့်ပြောဆိုနိုင်ဖွယ်ရှိသည်ဟု     အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ခန့်အပ်ခြင်းခံထားရသူ မိုက်ဝေါ့ကဇန်နဝါရီလအစောပိုင်းတွင်ပြောကြားခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal