အတုံ့အလှည့်အဖြစ် ဗင်နီဇွဲလားသံရုံးမှ သံအမှုထမ်းများအား၅ ရက်အတွင်း နိုင်ငံအတွင်းမှထွက်ခွာရန် ပြင်သစ်ညွှန်ကြား

News Image

  • အတုံ့အလှည့်အဖြစ် ဗင်နီဇွဲလားသံရုံးမှ သံအမှုထမ်းများအား၅ ရက်အတွင်း နိုင်ငံအတွင်းမှထွက်ခွာရန် ပြင်သစ်ညွှန်ကြား

ဗင်နီဇွဲလားအစိုးရက ပြင်သစ်နှင့်အခြားဥရောပသံတမန်များအား နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးမှုကို တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်နိုင်ငံက နိုင်ငံအတွင်းရှိ ဗင်နီဇွဲလားသံရုံးမှ သံအမှုထမ်းအချို့ကို၅ ရက်အတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် ဇန်နဝါရီလ ၂၂  ရက်တွင်ညွှန်ကြားခဲ့ကြောင်းသိရသည်။

ပြင်သစ်အစိုးရ၏ လုပ်ဆောင်ချက်သည် ဗင်နီဇွဲလားနိုင်ငံက ဇန်နဝါရီလ ၁၄ ရက်တွင် ကရားကက်မြို့ရှိ   ပြင်သစ်သံရုံးမှသံအမှုထမ်းဦးရေကို လျှော့ချခဲ့ခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတနီကိုလပ်မာဒူရိုက ၎င်း၏တတိယမြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမှုပြုခြင်းအပေါ်ရန်လိုသည့် တုံ့ပြန်မှုများလုပ်ဆောင်ခဲ့မှုကြောင့် ဗင်နီဇွဲလားအစိုးရက   ပြင်သစ်၊အီတလီနှင့် နယ်သာလန် သံတမန်အရေအတွက်ကို ၃ ဦးအထိလျှော့ချခဲ့ပြီး သံအမှုထမ်းအချို့ကို နိုင်ငံအတွင်းမှ ထွက်ခွာရန်အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ပြင်သစ်အစိုးရက ပဲရစ်မြို့ရှိ ဗင်နီဇွဲလားအဆင့်မြင့် သံတမန်တစ်ဦးအားဆင့်ခေါ်၍ ကန့်ကွက်ခဲ့ပြီး ပြင်သစ်အနေဖြင့် လက်တုံ့ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူပင် နယ်သာလန်အစိုးရကလည်း ဗင်နီဇွဲလားနိုင်ငံ၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့နိုင်ငံအတွင်းရှိ ဗင်နီဇွဲလားသံတမန်အရေအတွက်ကို ၄ ဦးမှ ၂ ဦးအထိ လျှော့ချခဲ့ကြောင်းသိရသည်။   

Source: Myawady Web Portal