သမ္မတဟောင်း အာဆတ်ကို ပြင်သစ်တရားသူကြီးများ ဖမ်းဝရမ်းထုတ်

News Image

  • သမ္မတဟောင်း အာဆတ်ကို ပြင်သစ်တရားသူကြီးများ ဖမ်းဝရမ်းထုတ်

၂၀၁၇ ခုနှစ်တွင် အာရပ်ရှိ အရပ်သားများကို ပစ်မှတ်ထားကာ ဗုံးခွဲတိုက်ခိုက်ရာတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု စွပ်စွဲကာ ဆီးရီးယားသမ္မတဟောင်း ဘာရှာ အာဆတ်ကို ပြင်သစ်တရားသူကြီးများက ဖမ်းဝရမ်း အသစ်ထုတ်ပြန်လိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားပါသည်။ 

အသက် ၅၉ နှစ်ရှိ ဖရန်ကိုဆီးရီးယားလူမျိုး အမျိုးသား Salah Abou Nabout သေဆုံးမှုကို စုံစမ်းစစ်ဆေးခဲ့သည့် ပြင်သစ်အမျိုးသားအကြမ်းဖက်မှု တိုက်ဖျက်ရေး အစိုးရရှေ့နေရုံး၏ တောင်းဆိုချက်အရ အဆိုပါ ဖမ်းဝရမ်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။

ယခု ဆီးရီးယားခေါင်းဆောင်ဟောင်းကို ဖမ်းဝရမ်းထုတ်လိုက်ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်ကလည်း ဆီးရီးယားတပ်ဖွဲ့များက ဓာတုလက်နက်များအသုံးပြုတိုက်ခိုက်ခြင်းတွင် အာဆတ်နှင့် သက်ဆိုင်နေကြောင်း စွပ်စွဲကာ ဖမ်းဝရမ်းထုတ်ထားပါသည်။ 

ပြင်သစ်သတင်းဌာန AFP အရ ပြင်သစ်တရားစီရင်ရေးဌာနသည် ဆီးရီးယားအဆင့်မြင့်အရာရှိ ၁၄ ဦးကို ဖမ်းဝရမ်းထုတ်ထားပါသည်။ 

ကိုးကား-TASS