တရုတ်နိုင်ငံအနေဖြင့် ပနားမားတူးမြောင်းနှင့် ပတ်သက်၍ ပနားမားနိုင်ငံ၏ အချုပ်အခြာအာဏာကို အစဉ်အမြဲ လေးစားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ပြော
တရုတ်နိုင်ငံအနေဖြင့် ပနားမားတူးမြောင်း စီမံခန့်ခွဲမှုနှင့် လည်ပတ်လုပ်ကိုင်မှု၌ ပါဝင်ဆောင်ရွက်ခြင်း မရှိသကဲ့သို့ ယင်းတူးမြောင်း အရေးကိစ္စများတွင်လည်း ဘယ်သောအခါမှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိပေ။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါ တူးမြောင်းနှင့်ပတ်သက်၍ ပနားမားနိုင်ငံ၏ အချုပ်အခြာအာဏာကို အစဉ်အမြဲလေးစားကာ ယင်းအား အပြည်ပြည်ဆိုင်ရာကြားနေရေလမ်းကြောင်းတစ်ခုအဖြစ် အစဉ်သဖြင့် အသိအမှတ်ပြုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
ပနားမားတူးမြောင်းအား ပြန်လည်ရယူမည်ဟူသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပနားမားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို ညှိနှိုင်း၍မရနိုင်ကြောင်း၊ ပနားမားတူးမြောင်းအား မည်သည့်အင်အားကြီးနိုင်ငံကမှ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထိန်းချုပ်ထားခြင်းမရှိကြောင်း ပနားမား သမ္မတ ဟိုဆေးရာအူးလ်မူလီနို၏ အတိအလင်းပြောကြားချက်ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း မော်က ဆိုသည်။
ကိုးကား-ဆင်ဟွာ