အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမှုများ ပိုမို လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ် ကတိပြု
အမေရိကန်အစိုးရအသစ်အနေဖြင့် အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်က ထုတ်ဖော်ပြောဆိုလိုက်ပါသည်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအသစ်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့် ဦးဆောင်သောအစိုးရအဖွဲ့ တာဝန်ယူပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ် ရူဘီအိုက အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနှင့် ဖုန်းဆက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။အစ္စရေးနိုင်ငံသည် အမေရိကန်အစိုးရအဖွဲ့အသစ်လက်ထက်အတွင်း အဓိကဦးစားပေးကူညီ ထောက်ပံ့ ပေးမည့် နိုင်ငံများစာရင်းတွင် ပါဝင်နေဆဲဖြစ်ကြောင်း ဝန်ကြီးရူဘီအိုက ပြောပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်က ဂါဇာဒေသ၌ ဖမ်းဆီးခံထားရသူများ အမြန်ဆုံးပြန်လွတ်မြောက်ရန် အစွမ်းကုန်ကူညီပေးသွားမည်ဖြစ်ကြောင်း ဟားမက်စ် နှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုများကို အနိုင်ရယူနိုင်ခဲ့မှုနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို ချီးကျူးပြောဆိုခဲ့ပါသည်။ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲသည် ၁၅ လကြာမြင့်ခဲ့ပြီးနောက် အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ပြီး ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးမည့်အစီအစဉ်များ ပါဝင်ခဲ့ပါသည်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲသည် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်မယူမီရက်ပိုင်းအလို၌ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့် သမ္မတ အဖြစ်တာဝန်မယူမီ ရက်ပိုင်းအလိုကပင် ဂါဇာစစ်ပွဲ အဆုံးသတ်စေရန် ကိုယ်စားလှယ်များစေလွှတ်ကာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ကူညီပေးခဲ့သည်။
ကိုးကား-NP News