ဖိလစ်ပိုင်တွင် ဖြန့်ကြက်ထားသည့် Typhon ဒုံးပစ်စင်များကို အမေရိကန်က လူဇွန်ကျွန်းသို့ ပြောင်းရွှေ့

News Image

  • ဖိလစ်ပိုင်တွင် ဖြန့်ကြက်ထားသည့် Typhon ဒုံးပစ်စင်များကို အမေရိကန်က လူဇွန်ကျွန်းသို့ ပြောင်းရွှေ့

အမေရိကန်စစ်ဘက်သည် ဖိလစ်ပိုင်နိုင်ငံအတွင်း၎င်းတို့ဖြန့်ကြက်ထားသည့်Typhon ဒုံးပစ်စင်များကို လူဇွန်ကျွန်းရှိ အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းလိုက်ကြောင်း ဖိလစ်ပိုင်အစိုးရအဖွဲ့မှ အရင်းအမြစ်တစ်ခုက ပြောသည်။

Typhon ဒုံးပစ်စင်များသည် Tomahawk ခရုစ် ဒုံးကျည်များအပါအဝင် ဘက်စုံသုံး ဒုံးကျည်များကို အကွာအဝေး ကီလိုမီတာထောင်ပေါင်းများစွာအထိ ပစ်ခတ်နိုင်ပြီး တရုတ်နှင့် ရုရှားနိုင်ငံများအတွင်းရှိ ပစ်မှတ်များကိုပါ ဖိလစ်ပိုင်နိုင်ငံအတွင်းမှ ပစ်ခတ်နိုင်မည်ဖြစ်သည်။

အမေရိကန်စစ်ဘက်သည် အဆိုပါဒုံးပစ်စင်များကို အစောပိုင်းတွင် Laoag လေတပ်အခြေစိုက်စခန်းတွင် ဖြန့်ကြက်ထားခဲ့သော်လည်း ယခုအခါ လူဇွန်ကျွန်းသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်တပ်ဖွဲ့ဝင်များသည် မကြာမီရက်ပိုင်းများအတွင်း ဒုံးပစ်စင်များနှင့်ဆက်စပ်ပစ္စည်းများအား C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်သို့ တင်နေသည့်ပုံများကို ဂြိုဟ်တုမှဖမ်းယူရရှိခဲ့သည့် ပုံရိပ်များတွင်တွေ့မြင်ရကြောင်း Middlebury နိုင်ငံတကာလေ့လာမှုများဆိုင်ရာ အင်စတီကျုမှဂျက်ဖရီလူးဝစ်ကပြောကြားခဲ့ကြောင်းသိရသည်။

Typhon ဒုံးပစ်စင်များသည် အာရှဒေသအတွင်း အမေရိကန်ကဖြန့်ကြက်ထားသည့် သင်္ဘောဖျက်လက်နက်စနစ်များ၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

Source: Myawady Daily Newspaper