IS စစ်သွေးကြွအဖွဲ့နှင့်ဆက်နွှယ်သည့်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မည့်အစီအစဉ်ကို မော်ရိုကို ဖော်ထုတ်နိုင်ခဲ့
မော်ရိုကိုနိုင်ငံတွင် IS စစ်သွေးကြွအဖွဲ့နှင့်ဆက်နွှယ်သည့် အဖွဲ့အစည်းတစ်ခု၏ အကြမ်းဖက်တိုက်ခိုက်မည့်အစီအစဉ်ကို အာဏာပိုင်အဖွဲ့က ဖော်ထုတ်နိုင်ခဲ့ကြောင်း ထောက်လှမ်းရေး ဗျူရိုက ဇန်နဝါရီလ၂၆ ရက်တွင် ထုတ်ပြန်သည်။
မော်ရိုကိုအထူးတပ်ဖွဲ့ဝင်များသည် နိုင်ငံအတွင်း ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ပြီးနောက် IS စစ်သွေးကြွအဖွဲ့နှင့်ဆက်နွှယ်သူလေးဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ အထူးတပ်ဖွဲ့ဝင်များက ၎င်းတို့အား ဘာရီချစ်ပြည်နယ်အတွင်း၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အထူးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်တိုက်ခိုက်မှုတွင် အသုံးပြုရန်စီစဉ်ထားသည့် ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်များနှင့် ဓာတုပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal
MM-News-Category