သေဆုံးသွားပြီဟု ကြေညာထားသည့် ဟားမတ်စ် ခေါင်းဆောင်တစ်ဦး ပြန်ပေါ်လာ
အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီ ဟု ကြေညာထားသော ပါလက်စတိုင်း ဟားမတ်စ် ခေါင်းဆောင်တစ်ယောက်က ဇန်နဝါရီ ၂၂ ရက်နေ့တွင် ဗီဒီယိုမှ စကားပြောနေသည့်ဖိုင်တစ်ခုထွက်ပေါ်ခဲ့သည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဂါဇာတွင် အစ္စရေးစစ်တပ်၏ ထိုးစစ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ကြောင်း မီဒီယာများက ဖော်ပြထားကြပါသည်။
ဟူစိန်ဖေးယက် ဟုခေါ်သည့် ဟားမတ်စ်တိုက်ခိုက်ရေးတပ် အကြီးတန်းခေါင်းဆောင်ကို အစ္စရေးစစ်တပ်က တင့်ဖျက်ဒုံးများ၊ ရော့ကတ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မေလက သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး အစ္စရေးစစ်တပ်က အကြမ်းဖက်မှုများကို အပြီးတိုင် ဖျက်စီးနိုင်တော့မည်ဟု ဟစ်ကြွေးခဲ့ပါသည်။
ဖေးယက်ကိုဂျိုးထရက်စ်မန်ဆိုသူ ပို့စ်ပိုင်ရှင်က X လူမှု ကွန်ယက်ပေါ်မှ ဗီဒီယိုဖိုင်တစ်ခုတွင် ဟူစိန်ဖေးယက်က လူအုပ်စုတစ်ခုကို စကားပြောနေသည်ကို တင်ထားခြင်းဖြစ်ပြီး တဲလ်အဗစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးမှ ဖေးယက်နှင့်ဆင်တူသော်လည်း ၎င်းဒေသ၌ လူအုပ်လိုက်ကြီးရှိနေခြင်းမှာ ယုတ္တိမရှိကြောင်းဆိုသည်။ ဟားမတ်စ်-အစ္စရေးစစ်ပွဲတွင် ဟားမတ်စ်တိုက်ခိုက်ရေးသမား ၂သောင်းခန့် သေဆုံးခဲ့ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါသည်။
ကိုးကား-Myanmar National Post