ရုရှားသူလျှိုသင်္ဘောတစ်စင်း ဗြိတိန် ရေလက်ကြားထဲ ဒုတိယအကြိမ် ဝင်ရောက်

News Image

  • ရုရှားသူလျှိုသင်္ဘောတစ်စင်း ဗြိတိန် ရေလက်ကြားထဲ ဒုတိယအကြိမ် ဝင်ရောက်

ရုရှားသူလျှိုသင်္ဘောတစ်စင်းသည် ဗြိတိန်ရေပိုင်နက်အတွင်း ဒုတိယအကြိမ်မြောက် ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းမှာ ရုရှားတို့၏ သူလျှိုလုပ်ဆောင်မှုများ တိုးမြှင့်လာသည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ဗြိတိန်ရေတပ်က ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

Yantar ဟု အမည်ပေးထားသော အဆိုပါ သူလျှိုသင်္ဘောသည် အင်္ဂလိပ်ရေလက်ကြားကို ယခုအပတ်အတွင်း ဝင်ရောက်ဖြတ်ကျော်ခဲ့ကြောင်း၊ အဆိုပါသူလျှိုသင်္ဘောသည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ပထမအကြိမ် ဝင်ရောက်ခဲ့သဖြင့် ဗြိတိန်ရေငုပ်သင်္ဘောမှ သတိပေးလိုက်သဖြင့် မြေထဲပင်လယ်ဘက်သို့ ထွက်ခွာသွားသော်လည်း ယခုပြန်လည်ရောက်ရှိလာကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါသည်။

ဇန်နဝါရီ ၂၃ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံချိန် ကရင်မလင်ပြောခွင့်ရ Dmitry Peskov က   Yantar သူလျှိုသင်္ဘော ဗြိတိန်ရေလက်ကြားထဲ ဝင်ရောက်ခဲ့မှု မေးခွန်းအပေါ် ထိုကိစ္စမှာ မိမိ အမှန်တကယ် ရင်းနှီးကျွမ်းဝင်မှုမရှိကြောင်းသာ ဖြေကြားထားပါသည်။ 

ကိုးကား-CNN