ဥရောပမှ အမေရိကန် စစ်သည် ၂ သောင်းကျော်ကို ပြန်ခေါ်ရန် ထရမ့် စီစဉ်နေ

News Image

  • ဥရောပမှ အမေရိကန် စစ်သည် ၂ သောင်းကျော်ကို ပြန်ခေါ်ရန် ထရမ့် စီစဉ်နေ

ဥရောပနိုင်ငံများအနေဖြင့် ဥရောပတွင် တပ်ဖြန့်ထားသော အမေရိကန်စစ်သည်များကို ထောက်ပံ့မှုမပေးပါက အမေရိကန်စစ်သည်များကို ပြန်ခေါ်ရန်အတွက် ဒေါ်နယ်ထရမ့်က စီစဉ်နေကြောင်း အီတလီသတင်းစာ တစ်စောင်က ဖော်ပြလိုက်သည်။

ဥရောပသံတမန်သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းစာကဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ ဥရောပ၌ အမေရိကန်စစ်သည် ၁သိန်းကျော်ရှိပြီး လက်တလောတွင် စစ်သည် ၂ သောင်းအား ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး ကျန်ရှိနေသည့် စစ်သည်များအတွက် အထောက်အပံ့မပေးပါက တဖြည်းဖြည်းပြန်ခေါ်သွားမည်ဟုဆိုသည်။ အကြောင်းမှာ စစ်သည်များကို အမေရိကန် အခွန်ထမ်း ပြည်သူများက ထောက်ပံ့နေရခြင်းအတွက်ကြောင့်ဖြစ်ကြောင်းနှင့် ဥရောပတွင် တာဝန်ထမ်းဆောင်နေသောအမေရိကန်စစ်သည်များအတွက် အမေရိကန် အခွန်ထမ်းများက ပေးဆောင်ရန်မလိုဟု ဆိုပါသည်။ 

ထရမ့်၏ ပထမသက်တမ်းအတွင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် နေတိုးကာကွယ်ရေးအသုံးစရိတ် ရန်ပုံငွေကို ဖြည့်ဆည်းရန် ဘာလင်အစိုးရ၏ ပျက်ကွက်မှုကို တုံ့ ပြန်ရန်အတွက် အမေရိကန်သည် ဂျာမနီမှ တပ်ဖွဲ့ဝင် ၁၂,၀၀၀ ကိုရုပ်သိမ်းမည်ဖြစ်ကြောင်း ထရမ့်က ကြေညာခဲ့ဖူးသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သမ္မတဂျိုးဘိုင်ဒန်က ဂျာမနီမှ အမေရိကန်တပ်များ ဆုတ်ခွာရန် စီစဉ်ထားမှုကို တရားဝင်ရပ်ဆိုင်းခဲ့ပါသည်။ ၂၀၂၄ ခုနှစ်နှောင်းပိုင်းအထိ ဥရောပတစ်ခွင်တွင် ဌာနခွဲအသီးသီးမှ အမေရိကန်တပ်ဖွဲ့ဝင် ၁သိန်း ခန့် တပ်စွဲထားပါသည်။ 

ကိုးကား-Myanmar National Post