ဘယ်လာရုစ်နိုင်ငံသည် ရုရှားနိုင်ငံ၏ Oreshnik တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်စနစ်ကို မကြာမီ ရက်ပိုင်းအတွင်း နိုင်ငံအတွင်း ဖြန့်ကျက်ချထားမည်ဖြစ်

News Image

  • ဘယ်လာရုစ်နိုင်ငံသည် ရုရှားနိုင်ငံ၏ Oreshnik တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်စနစ်ကို မကြာမီ ရက်ပိုင်းအတွင်း နိုင်ငံအတွင်း ဖြန့်ကျက်ချထားမည်ဖြစ်

ဘယ်လာရုစ်နိုင်ငံသည် ရုရှားနိုင်ငံ၏ Oreshnik တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်စနစ်ကို မကြာမီ ရက်ပိုင်းအတွင်း နိုင်ငံအတွင်း ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း သမ္မတအလက်ဇန္ဒားလူကာရှန်ကိုက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံမှ အဆင့်မြင့် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်စနစ် Oreshnik သည် ဘယ်လာရုစ်နိုင်ငံသို့ မကြာမီ ရောက်ရှိမည်ဟု ဘယ်လာရုစ်မှ မျှော်လင့်ထားကြောင်း သမ္မတ အလက်ဇန္ဒားလူကာရှန်ကို က ပြောကြားခဲ့ပြီး ၎င်းသည် နှစ်နိုင်ငံနယ်စပ်နှင့်မဝေးသောနေရာတွင် စခန်းချသွားမည်ဟု ပြောကြားခဲ့ပါသည်။

ဘယ်လာရုစ်သမ္မတ ရွေးကောက်ပွဲကျင်းပနေချိန်တွင် ဇန်နဝါရီ ၂၆ ရက်(တနင်္ဂနွေနေ့)က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သမ္မတ လူကာရှန်ကို က အဆိုပါလက်နက်အား ဘယ်လာရုစ်နယ်စပ်မှ အရှေ့ဘက် ကီလိုမီတာ ၆၀ ခန့်အကွာရှိ ရုရှားမြို့ Smolensk နှင့် ပိုမိုနီးကပ်သည့်နေရာတွင် ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် အခြားတစ်နေရာတွင် ထားရှိရန် ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ 

မိမိတို့သည် Oreshnik ကိုယခုကစပြီးမည်သည့်နေ့တွင် မဆိုရှိလိမ့်မည်ဖြစ်ကြောင်း၊ Oreshnik၏ နောက်ထပ်စနစ်က ရုရှားနိုင်ငံထက် ပိုစောပြီး ဘယ်လာရုစ်ကို ပို့ပေးမည်ဟုသမ္မတ ဗလာဒီမာပူတင်နှင့် သဘောတူထားကြောင်း သမ္မတ လူကာရှန်ကိုက ပြောကြားခဲ့ပါသည်။ ပေးပို့သည့်အချိန်ဇယားအပေါ် ညီလာခံအပြီးတွင် အတည်ပြုပေးရန် တောင်းဆိုသည့်အခါ ရက်အတိအကျကို သဘောတူညီခြင်းမရှိသေးကြောင်း ၎င်းက ဝန်ခံခဲ့ပါသည်။

ဖြန့်ကျက်တည်နေရာအတွက် ရွေးချယ်မှုမှာ Oreshnik ၏ နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်များအပေါ် အခြေခံသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ဘယ်လာရုစ်သည် အနည်းဆုံး Oreshnik ဒုံးခွင်းဒုံးစနစ် ၁၀ ခုကို လက်ခံရယူလိုကြောင်း အစပိုင်းတွင် ပြောကြားခဲ့သော်လည်း၊ အထူးသဖြင့် ရုရှားသည် Oreshnik ကို တပ်ဖြန့်ရန်လိုအပ်သောကြောင့် ယင်းပမာဏကို လွှဲပြောင်းရန်မှာ စီးပွားရေးအရ အလွန်ခက်ခဲမည်ဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတက ဝန်ခံခဲ့ပါသည်။ “Oreshnik စနစ်တစ်ခုသည်ဘယ်လာရုစ် ကို ကာကွယ်ရန် လုံလောက်သည်” ဟု၎င်းကထပ်မံပြောကြားခဲ့ပါသည်။ ထို့အပြင် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူ၏ကျေးဇူးကြောင့် ဘယ်လာရုစ်တွင်နျူကလီးယားလက်နက်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာ ရှန်ကိုက ပြောကြားခဲ့ပါသည်။

ကိုးကား - RT