ဆုတ်ခွာရမည့် နောက်ဆုံးရက်ကျော်လွန်သော်လည်း အစ္စရေးတပ်များ လက်ဘနွန်တွင် ဆက်ရှိနေ

News Image

  • ဆုတ်ခွာရမည့် နောက်ဆုံးရက်ကျော်လွန်သော်လည်း အစ္စရေးတပ်များ လက်ဘနွန်တွင် ဆက်ရှိနေ

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ အစ္စရေးတပ်ဖွဲ့သည် လက်ဘနွန်မှ ဇန်နဝါရီ ၂၆ ရက် (တနင်္ဂနွေနေ့)တွင် ဆုတ်ခွာပေးရမည်ဖြစ်သော်လည်း ဆက်လက်တပ်စွဲထားပါသည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အမေရိကန်နှင့် ပြင်သစ်တို့၏ ကြားဝင်ညှိနှိုင်းပေးမှုအရ အထမြောက်ခဲ့ပြီးစာချုပ်တွင်လက်ဘနွန်တောင်ပိုင်းမှ အစ္စရေးတပ်ဖွဲ့များနှင့်ဟစ်ဇ်ဘိုလာတပ်ဖွဲ့များက ဆုတ်ခွာပေးရမည်ဟု သတ်မှတ် ထားပါသည်။ 

ယခုဆက်လက်တပ်စွဲထားသည့် အစ္စရေးတပ်ဖွဲ့များ အရေအတွက်မည်မျှရှိကြောင်းနှင့် မည်သည့်အချိန်မှ ဆုတ်ခွာပေးမည်ကို မသိရှိရပါ။ အစ္စရေးနှင့်ဟစ်ဇ်ဘိုလာတို့အကြားပဋိပက္ခများကြောင့် ဟစ်ဇ်ဘိုလာဘက်မှ အရာရှိကြီးများ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အရပ်သား ၄,၀၀၀ ကျော် သေဆုံးခဲ့ပါသည်။ ထို့အပြင် အရပ်သား ၁.၂ သန်းကျော်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟုလည်းသိရှိရပါသည်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ  လက်ဘနွန် တပ်ဖွဲ့များကလည်း ဆုတ်ခွာပေးရမည်ဖြစ်သော်လည်း ယခုအချိန်ထိ Litani မြစ်အထိသာ ဆုတ်ခွာသည်ကို တွေ့ရှိရကြောင်း"အစ္စရေးဝန်ကြီးချုပ်ရုံးက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ 

ကိုးကား -BBC