နေရပ်ပြန်များကို ပြန်လည်လက်မခံလျှင် အခွန်တိုးမည် ဟုဆိုခြင်းကြောင့် လက်ခံလိုက်ရ

News Image

  • နေရပ်ပြန်များကို ပြန်လည်လက်မခံလျှင် အခွန်တိုးမည် ဟုဆိုခြင်းကြောင့် လက်ခံလိုက်ရ

ဒေါ်နယ်ထရမ့်သမ္မတဖြစ်သည့် ဇန်နဝါရီ ၂၀ ရက်နေ့ တွင်ပင် အမေရိကန်နိုင်ငံအတွင်းမှ အထောက်အထားမဲ့ ရွှေ့ပြောင်းများကိုနှင်ထုတ်ရန် သမ္မတလုပ်ပိုင်ခွင့်အား အသုံးပြုကာ လက်မှတ်ရေးထိုးခဲ့သည်။

ဇန်နဝါရီ ၂၂ ရက်နေ့မှစတင်ကာ အမေရိကန်မြို့များရှိ အထောက်အထားမဲ့ရွှေ့ပြောင်းများကို လူဝင်မှုကြီးကြပ်ရေးကလိုက်လံဖမ်းဆီးပြီး လေယာဉ်ပေါ်တင်ကာ နေရပ်နိုင်ငံသို့ပြန်ပို့ခဲ့သည်။ သို့သော် မက္ကဆီကိုနှင့်ကိုလံဘီယာက ၎င်းတို့နိုင်ငံသားများကို ပြန်လည်လက်မခံဘဲ လေယာဉ်ကိုလည်း ဆင်းခွင့်မပြုခဲ့ပေ။

ထရမ့်အစိုးရအဖွဲ့က လူလက်မခံပါက ၂ နိုင်ငံ ကုန်သွယ်မှု၌ အမေရိကန်ဘက်မှ အခွန်တိုးကောက်မည်ဟု ကြိမ်းဝါးခဲ့သည်။ ယခင်က မက္ကဆီကိုနှင့် ကိုလံဘီယာ နိုင်ငံတို့မှ သွင်းကုန်များကို အမေရိကန်က ၂၅% ကောက်မည်ဟု ဆိုလိုက်ပါသည်။ အိမ်ဖြူတော်က ပထမဦးစွာကုန်သွယ်မှုအပေါ် အခွန်စည်းကြပ်မှု တိုးမြှင့်မည်။ ထို့နောက် စီးပွားရေးပိတ်ဆို့အရေးယူမှုစတင်မည်ဟု ကြေညာလိုက်ရာ ယခုတွင် မက္ကဆီကိုနှင့် ကိုလံဘီယာ ၂ နိုင်ငံစလုံးက အထောက် အထားမဲ့ ရွှေ့ပြောင်းလာသူများ ပြန်ပို့ခြင်းကို လက်ခံလိုက်ရပြီဖြစ်ကြောင်း သိရှိရသည်။

ကိုးကား-Myanmar National Post