IS စစ်သွေးကြွအဖွဲ့ဝင်များအပါအဝင် အကြမ်းဖက်သမား ၃၇ ဦးအား အရှေ့အာဖရိက ဒေသ တစ်ဝန်းတွင် ဖမ်းဆီးနိုင်ခဲ့
ပဲရစ်၊ အကြမ်းဖက်တန်ပြန်တိုက်ဖျက်မှု
IS စစ်သွေးကြွအဖွဲ့ဝင်များ အပါအဝင် အကြမ်းဖက်သမား ၃၇ ဦးအား အရှေ့အာဖရိက ဒေသတစ်ဝန်းတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အင်တာပိုအဖွဲ့က ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။
အင်တာပိုအဖွဲ့သည် စစ်သွေးကြွအဖွဲ့မှ အကြမ်းဖက်သမားများအား အာဖရိကဒေသလုံးဆိုင်ရာ ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သည့်အကြမ်းဖက်တိုက်ဖျက်ရေးစစ်ဆင်မှုများအတွင်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အင်တာပိုအဖွဲ့သည် အာဖရိကတွင်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်တိုက်ဖျက်ရေးစစ်ဆင်မှုများအတွင်း ကင်ညာနိုင်ငံမှ နှစ်ဦး၊ မိုဇမ်ဘစ်နှင့်တန်ဇန်းနီးယားနိုင်ငံများတွင် တစ်ဦးစီ ဖမ်းဆီးရမိခဲ့ပြီး အခြားအကြမ်းဖက်သမားများကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဆိုမာလီယာနိုင်ငံတို့တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အကြမ်းဖက်တိုက်ဖျက်မှုတွင် ယခုကဲ့သို့ အပြုသဘောဆောင်သည့် ရလဒ်ထွက်ပေါ်လာခြင်းသည် အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရေးတွင် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု၏ စွမ်းအား ကိုဖော်ပြခဲ့ခြင်းဖြစ်ကြောင်း အင်တာပိုမှ ဆီရေးဂေါက်က ပြောကြားခဲ့သည်။
Source: Myawady Web Portal