တောင်ကိုရီးယားနိုင်ငံတွင် ခရီးသည်တင်လေယာဉ်တစ်စင်းပေါ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၊ ခရီးသည်များနှင့်လေယာဉ်အမှုထမ်းများအားလုံးကို ကယ်ဆယ်နိုင်ခဲ့
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ ဂင်ဟေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇန်နဝါရီလ ၂၈ ရက်က ခရီးသည်တင်လေယာဉ်တစ်စင်းပေါ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ယွန်ဟပ် သတင်းအေဂျင်စီက ထုတ်ပြန်သည်။
မီးလောင်ကျွမ်းမှုသည် Air Busan လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်သည် ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က လေဆိပ်မှ ဟောင်ကောင်သို့ ထွက်ခွာရန်ပြင်ဆင်နေစဉ် စတင်ဖြစ်ပွားခြင်းဖြစ်သည်။
လေဆိပ်အာဏာပိုင်များသည် အဆိုပါလေယာဉ်ပေါ်မှ ခရီးသည် ၁၆၉ ဦးနှင့် လေယာဉ်အမှုထမ်းခုနစ်ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သော်လည်း မီးလောင်မှုသည် ည ၁၁ နာရီအထိ ဆက်လက်လောင်ကျွမ်းခဲ့သောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးအား အပြီးသတ်ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းခဲ့ရကြောင်း သိရသည်။
Ref :Xinhua, ST
Source: Myawady Web Portal
MM-News-Category