တရုတ်အခြေစိုက် DeepSeek ကုမ္ပဏီ၏ AI assistant အပလီကေးရှင်းကြောင့် ဒေါ်လာ ၁၀၈ ဘီလီယံ ဆုံးရှုံး
တရုတ်အခြေစိုက် DeepSeek ကုမ္ပဏီသည် ၎င်းတို့၏ AI အပလီကေးရှင်းမော်ဒယ်တစ်ခုကို ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မိတ်ဆက်လိုက်ပြီးနောက် ကမ္ဘာပေါ်ရှိ ငွေကြေးအကြွယ်ဝဆုံးသော လူပုဂ္ဂိုလ် ၅၀၀ ခန့်မှာ ဇန်နဝါရီလ ၂၇ ရက် တစ်ရက်တည်းမှာပင် ဒေါ်လာ ၁၀၈ ဘီလီယံ ဆုံးရှုံးသွားခဲ့ကြောင်း Bloomberg ကဖော်ပြသည်။
DeepSeek ကုမ္ပဏီသည် ၎င်းတို့၏ AI assistant အပလီကေးရှင်းကို စတင်မိတ်ဆက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် အမေရိကန်အခြေပြု OpenAI ၏ ChatGPT ကိုကျော်တက်ပြီး Apple အပလီကေးရှင်းစတိုးတွင် လူကြိုက်အများဆုံးနှင့် လူအများဆုံး download ရယူသည့် အပလီကေးရှင်းဖြစ်လာခဲ့သည်။
DeepSeek ကုမ္ပဏီ၏ AI assistant အပလီကေးရှင်းကြောင့် နည်းပညာကုမ္ပဏီများ အများဆုံးပါဝင်သည့် စတော့ဈေးကွက်မှာ ဂယက်ရိုက်ခတ်မှုခံခဲ့ရပြီး အစုရှယ်ယာများမှာ ဒေါ်လာဘီလီယံနှင့်ချီ၍ ထိုးကျခဲ့ခြင်းဖြစ်သည်။
ကယ်လီဖိုးနီးယားအခြေပြုသည့် Nvidia ကုမ္ပဏီသည် DeepSeek ကုမ္ပဏီ၏ AI assistant အပလီကေးရှင်း၏ ရိုက်ခတ်မှုကို အဆိုးရွားဆုံးခံခဲ့ရပြီး ယင်းကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်းမှာ ၁၇ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ကြောင်း Bloomberg ကဖော်ပြသည်။
ထို့ပြင် အစုရှယ်ယာဈေးနှုန်းကျဆင်းမှုနှင့်ရင်ဆိုင်ခဲ့ရသည့်နည်းပညာကုမ္ပဏီများတွင် Huang’s fortune၊ Oracle၊ Meta နှင့် Dell တို့ပါသည်။
Ref: RT
Source: Myawady Web Portal