နျူကလီးယားတပ်အင်အားမြှင့်တင်ရန် မြောက်ကိုရီးယားခေါင်းဆောင်တိုက်တွန်း

News Image

  • နျူကလီးယားတပ်အင်အားမြှင့်တင်ရန် မြောက်ကိုရီးယားခေါင်းဆောင်တိုက်တွန်း

ပြုံယမ်း   ဇန်နဝါရီ ၂၉

ယခုနှစ်အတွင်း နျူကလီးယားတပ်များ၏ အင်အားကိုမြှင့်တင်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုက်တွန်းခဲ့ကြောင်း ယနေ့သတင်းများတွင် ရေးသားဖော်ပြထားသည်။

မြောက်ကိုရီးယား ပြည်တွင်းတစ်နေရာတွင်ရှိသော နျူကလီးယားကုန်ကြမ်းထုတ်လုပ်ရေးစခန်းတစ်ခုနှင့် နျူကလီးယားလက်နက်သုတေသနတစ်ခုသို့ ဇန်နဝါရီ ၂၈ ရက်က သွားရောက်စစ်ဆေးစဉ် အဆိုပါအတိုင်းတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း ကင်ဂျုံအန်သည် နျူကလီးယားသိပ္ပံပညာရှင်များနှင့် တွေ့ဆုံ၍ ၂၀၂၄ ခုနှစ်အတွင်း ရယူနိုင်ခဲ့သည့် အောင်မြင်မှုများအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရအာဘော် ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် ယခုနှစ်အတွင်း လက်နက်ထုတ်လုပ်နိုင်သည့် အရည်အသွေးရှိသော နျူကလီးယားကုန်ကြမ်းများကို အောင်အောင်မြင်မြင် ဆက်လက်ထုတ်လုပ်ကြရန်လည်း ကင်ဂျုံအန်က သိပ္ပံပညာရှင်များကို တိုက်တွန်းခဲ့သည်။

ယခုနှစ်သည် နျူကလီးယားတပ်များ အင်အားမြှင့်တင်ရေးအစီအစဉ်အရ အရေးကြီးသည့်လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ရမည့်နှစ်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် နျူကလီးယားလက်နက် ၉၀ ထိ ထုတ်လုပ်နိုင်သည့် နျူကလီးယားကုန်ကြမ်းများကို ပိုင်ဆိုင်ထားကြောင်း သိရသည်။

Ref: RT၊ Trs: KKO

Source: ရတနာပုံသတင်းစာ