မက္ကဆီကိုနယ်စပ်တွင် ကင်းလှည့်နေသော အမေရိကန် တပ်ဖွဲ့ဝင်များနှင့် မက္ကဆီကန်ဂိုဏ်းသားများ ပစ်ခတ်မှု ဖြစ်ပွား

News Image

  • မက္ကဆီကိုနယ်စပ်တွင် ကင်းလှည့်နေသော အမေရိကန် တပ်ဖွဲ့ဝင်များနှင့် မက္ကဆီကန်ဂိုဏ်းသားများ ပစ်ခတ်မှု ဖြစ်ပွား

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်တောင်ပိုင်းတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ရန်ကြိုးပမ်းမှုအတွင်းမက္ကဆီကန်ဂိုဏ်းဝင်များဟု သံသယရှိသူများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် လွန်ခဲ့သော သီတင်းပတ်က မက္ကဆီကိုနယ်စပ်တွင် အမျိုးသားအဆင့် အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံအတွင်းရှိ သန်းနှင့်ချီသော တရားမဝင် ဝင်ရောက်နေထိုင်သူများကို နေရပ်ပြန်ပို့မည့် အစီအစဉ်တွင် နယ်စပ်ဒေသများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားခဲ့သည်။

Fronton (Texas) အနီးတွင် ကင်းလှည့်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို မြစ်ကိုဖြတ်၍ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည့် သေနတ်သမားများကပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Fox News သတင်းထောက် Bills Melugin က ဇန်နဝါရီ ၂၇ ရက်နေ့က ဖော်ပြခဲ့ပါသည်။

ကိုးကား-RT