ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ဖြစ်နိုင်သော်လည်း ဇီလန်စကီးနှင့် ဆွေးနွေးမည်မဟုတ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြား
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ကြောင်း ဇန်နဝါရီလ ၂၈ရက် (အင်္ဂါနေ့) ညနက်ပိုင်းတွင် ပြောကြားခဲ့သော်လည်း သမ္မတ ဗလာဒီမီယာ ဇီလန်စကီးနှင့် တိုက်ရိုက်ဆွေးနွေးမည်မဟုတ်ကြောင်း ထပ်လောင်း ထုတ်ပြန်ခဲ့သည်။ သမ္မတ ဗလာဒီမာပူတင်က ဇီလန်စကီးအား “တရားဝင်မှုမရှိသောခေါင်းဆောင်” အဖြစ် ရည်ညွှန်းခဲ့ပါသည်။
“ဇီလန်စကီး ဆွေးနွေးပွဲတွင် ပါဝင်လိုပါက မိမိဘက်မှ ကိုယ်စားလှယ်များစေလွှတ်မည်” ဟု သမ္မတဗလာဒီမာ ပူတင်က ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားသတင်းထောက် ပါဗဲလ် ဇာရုဘင်ထံ ပြောကြားခဲ့ပါသည်။ ထို့ပြင် ယူကရိန်းခေါင်းဆောင်အား စစ်အုပ်ချုပ်ရေးကာလအတွင်း ၂၀၂၃ ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့သည့်အတွက် “တရားဝင်မှုမရှိ” ကြောင်းပြောကြားခဲ့ပါသည်။
ကိုးကား - RT
MM-News-Category