ဒမက်စကတ်မှ အစိုးရအသစ်၏ ခေါင်းဆောင် “အာမက်ဒ် အယ်လ်ရှာရာ” ကို ဆီးရီးယားနိုင်ငံ၏ သမ္မတ အဖြစ် ကြေညာ
ဆီးရီးယား အစိုးရသစ်က နိုင်ငံ၏လွှတ်တော်ကို ဖျက်သိမ်းပြီး ဒမက်စကတ်ရှိ အစိုးရအသစ်၏ ခေါင်းဆောင်အား ကြားဖြတ်ကာလအတွက် နိုင်ငံတော် သမ္မတအဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
ထို့အပြင် အစိုးရသစ်က နိုင်ငံ၏ ယခင်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ခြင်း၊ နှစ် ၆၀ ကြာ အာဏာရှိခဲ့သော ဗာ့သ်ပါတီကို ဖျက်သိမ်းခြင်းတို့ကို ကြေညာခဲ့သည်။
ထိုသို့ပြုလုပ်ခဲ့သည့်အပြင် နိုင်ငံ၏လုံခြုံရေးနှင့် စစ်အင်အားစုအားလုံးကို ဖျက်သိမ်းမည်ဖြစ်ပြီး ၎င်းတို့အစား အသစ်ပြန်လည်ဖွဲ့စည်းမည်ဟုလည်း ကြေညာခဲ့သည်။
ကိုးကား- TASS
Photo: France 24
MM-News-Category