ယူကရိန်းပဋိပက္ခ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြီးဆုံးနိုင်ဟု ပူတင်ဆို
ကရိန်းသည် ငွေကြေးနှင့်လက်နက်ခဲယမ်းများထောက်ပံ့မှုမရရှိတော့ပါက ပဋိပက္ခသည် နှစ်လအတွင်း ပြီးဆုံးသွားနိုင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ဇန်နဝါရီ ၂၈ ရက်နေ့က သတင်းထောက် Pavel Zarubin နှင့်တွေ့ဆုံမေးမြန်းမှု အစီအစဉ်တွင် ရုရှား-ယူကရိန်း ပဋိပက္ခအဆုံးသတ်နိုင်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး အခြေအနေအပေါ် မေးမြန်းခဲ့ခြင်းကို ပူတင်က အနောက်နိုင်ငံများ၏ထောက်ပံ့မှုမရပါက ယူကရိန်းသည် ငွေကြေးနှင့် ခဲယမ်းမီးကျောက်များ ပြတ်တောက်သွားပြီး တစ်လခွဲမှ နှစ်လအတွင်း ပြီးဆုံးသွားနိုင်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ယူကရိန်းသည် လက်ရှိအခြေအနေ၌ ကိုယ်ပိုင်အချုပ်အခြာအာဏာမရှိဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။
ပူတင်၏အဆိုအရ ထောက်ပံ့နေသော အနောက်နိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေးကိုအမှန်တကယ် လိုလားပါက လုပ်ဆောင်ရန် လွန်စွာလွယ်ကူပါကြောင်းနှင့် မော်စကို၏သဘောထားကို ရှင်းလင်းစွာ ဖော်ပြထားပြီးဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ရုရှားနှင့်စေ့စပ်ညှိနှိုင်းရန် ပိတ်ပင်ထားသည့် အမိန့်ကို ဖျက်သိမ်းခြင်းဖြင့် ကိယက်ဗ်အနေဖြင့် ဆွေးနွေးလိုသည့် အရိပ်အမြွက်ကိုပြသနိုင်ပြီး ထိုကဲ့သို့ခြေလှမ်း မစတင်နိုင်ပါက အဆိုပြုထားသည့် စေ့စပ်ညှိနှိုင်းရေးအချက်များသည် လွန်ခဲ့သည့်နွေဦးရာသီတွင် သမ္မတသက်တမ်း ကုန်ဆုံးသွားခဲ့သည့် ဇီလန်းစကီးကဲ့သို့ တရားမဝင် ဖြစ်သွားမည်ဖြစ်ကြောင်း ပူတင်က ရှင်းပြခဲ့ပါသည်။
အမေရိကန်နှင့် ယူကရိန်းအားထောက်ပံ့နေသော နိုင်ငံများသည် စက်ကိရိယာများ၊ လက်နက်ခဲယမ်းများမှစ၍ အစိုးရဝန်ထမ်းများ၏ လစာနှင့် ပင်စင်လစာများအထိ ကိယက်ဗ်သို့ ဒေါ်လာဘီလီယံ ၂၀၀ ကျော် ထောက်ပံ့ကူညီမှုများ ပေးပို့ခဲ့ကြသည်။
ထိုကဲ့သို့သော ထောက်ပံ့ကူညီမှုများကြောင့် “အနောက်နိုင်ငံများသည် ပဋိပက္ခကို ပိုမိုဆိုးရွားလာစေသည့် အင်အားစုများ” ဟု ကရင်မလင်ကထောက်ပြဝေဖန်ခဲ့သော်လည်း ဝါရှင်တန်နှင့်ဘရပ်ဆဲလ်တို့က တရားဝင် ငြင်းဆိုထားသည်။
ကိုးကား-RT