ဂျူး၊ အာရပ်နှင့် အာဆီးရီးယန်းမျိုးနွယ်ဝင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုကို ဩစတြေးလျ ဖော်ထုတ်
ဆစ်ဒနီ၊ အကြမ်းဖက်မှု
ဩစတြေးလျနိုင်ငံရှိ ဂျူး၊ အာရပ်နှင့် အာဆီးရီးယန်းမျိုးနွယ်ဝင်များအပေါ် ပစ်မှတ်ထားလုပ်ဆောင်မည့် အကြမ်းဖက်မှုတစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်းရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၉ ရက်တွင်ထုတ်ပြန်သည်။
ရဲတပ်ဖွဲ့သည် ဖောက်ခွဲရေးပစ္စည်းများထည့်သွင်းတင်ဆောင်ထားသည့် လူနေထိုင်နိုင်သည့် မော်တော်ယာဉ်တစ်စီးအား ရှာဖွေတွေ့ရှိပြီးနောက်အကြမ်းဖက်တိုက်ခိုက်မည့်အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့သည် အဆိုပါမော်တော်ယာဉ်ကို ဆစ်ဒနီမြို့ အနောက် မြောက်ဘက် ၃၆ ကီလိုမီတာအကွာရှိ ဒူရယ်ဒေသ၌ ဇန်နဝါရီလ ၁၉ ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ဖမ်းဆီးမှုများကို ရဲတပ်ဖွဲ့က လုပ်ဆောင်ထားပြီးဖြစ်သော်လည်း အသေးစိတ်ကိုဖော်ပြထားခြင်းမရှိပေ။
ယခုအခါ အဆိုပါတိုက်ခိုက်ရန်ကြံစည်မှုအား ပြည်နယ်နှင့် ဗဟိုရဲတပ်ဖွဲ့များပါဝင်သည့် အကြမ်းဖက်တန်ပြန်တိုက်ဖျက်မှုစစ်ဆင်ရေးအဖြစ် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဩစတြေးလျနိုင်ငံတွင် မကြာမီလပိုင်းအတွင်းကလည်း ဂျူး၊ အာရပ်နှင့် အာဆီးရီးယန်းမျိုးနွယ်ဝင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal