ကမ္ဘာမြေကြီး၏ ထုထက် ၆ ဆ ပိုမိုကြီးမားသည့် HD 20794 d ဂြိုဟ်တွင် ရေတည်ရှိနိုင်ဟု သိပ္ပံပညာရှင်များပြောကြား

News Image

  • ကမ္ဘာမြေကြီး၏ ထုထက် ၆ ဆ ပိုမိုကြီးမားသည့် HD 20794 d ဂြိုဟ်တွင် ရေတည်ရှိနိုင်ဟု သိပ္ပံပညာရှင်များပြောကြား

စကြဝဠာအပြင်ဘက်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သည့် ဂြိုဟ်တစ်လုံး၌ သက်ရှိများ   နေထိုင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်သည့် ရေတည်ရှိနိုင်သည့် အလားအလာရှိကြောင်း နိုင်ငံတကာ သုတေသီများက အတည်ပြုပြောကြားသည်။

အဆိုပါဂြိုဟ်ကို   HD 20794 d ဟုအမည်ပေးထားပြီး ဗြိတိန်နိုင်ငံ အောက်စဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ မိုက်ကယ်ကရစ်တီးနီးယားက ၂၀၂၂ ခုနှစ်တွင်   ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းဂြိုဟ်သည်  ကမ္ဘာမြေကြီး၏ထုထက် ၆ဆ ပိုမိုကြီးမားလျက်ရှိသည်ဟု သိပ္ပံပညာရှင်များကပြောသည်။

၎င်းဂြိုဟ်သည် အလင်းနှစ် ၂၀ အကွာ အဝေးတွင် တည်ရှိနေသည့် နေနှင့်အလားသဏ္ဌာန်တူသော ကြယ်တစ်လုံးကို လှည့်ပတ်နေရာ    ၎င်းလှည့်ပတ်သည့်နေရာသည် လူသားများအသက်ရှင်နေထိုင်နိုင်သည့် ဇုန်အတွင်း၌ ကျရောက်နေခြင်းကြောင့် ယင်းဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် သက်ရှိများအသက်ရှင်နေထိုင်နိုင်ရေးအတွက်များစွာအရေးပါသည့် ရေတည်ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက Astronomy and Astrophysics ဂျာနယ်တွင် ဖော်ပြခဲ့သည်။

HD 20794 d ဂြိုဟ်လှည့်ပတ်ရာနေရာသည် ကမ္ဘာမြေကြီး၏   အနီးတွင်တည်ရှိခြင်းကြောင့် ၎င်းဂြိုဟ်သည် အနာဂတ်လုပ်ဆောင်မည့်   အာကာသမစ်ရှင်များအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာနိုင်ကြောင်းဒေါက်တာကရစ်တီးနီးယားက ပြောကြားထားသည်။

Ref: Astrobiology, Discovermagazine

Source: Myawady Web Portal