ဥဇဘက်ကစ္စတန်က ဒေါ်လာ ၁၈၆ ဒသမ ၂ သန်း တန်ဖိုးရှိ စပျစ်သီးများ ကို ပြည်ပသို့တင်ပို့နိုင်ခဲ့
ဥဇဘက်ကစ္စတန်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ဒေါ်လာ ၁၈၆ ဒသမ၂သန်းတန်ဖိုးရှိ စပျစ်သီးများကို ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း အစိုးရကထုတ်ပြန်သည့် စာရင်းအင်းများကိုကိုးကား၍ဒေသတွင်းမီဒီယာတစ်ခုက ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဥဇဘက်ကစ္စတန်မှ ပြည်ပနိုင်ငံများသို့တင်ပို့သည့် စပျစ်သီးတင်ပို့မှုမှာ တန်ချိန်ပေါင်း ၂၁၉,၂၀၀ ရှိကြောင်း အစိုးရက ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။
အဆိုပါပမာဏသည် ၂၀၂၃ ခုနှစ်ကတင်ပို့သည့်ပမာဏနှင့်နှိုင်းယှဉ်ပါက နှစ်ဆကျော်မြင့်တက်လာခြင်းဖြစ်သည်။
ဥဇဘက်ကစ္စတန်နိုင်ငံမှ စပျစ်သီးများကို ရုရှားနိုင်ငံက အများဆုံးတင်သွင်းလျက်ရှိပြီး ပြီးခဲ့သည့်နှစ်အတွင်းတန်ချိန်ပေါင်း ၁၇၄၉၀၀ တင်သွင်းခဲ့သည်။ ထို့ပြင် ကာဇက်စတန်နှင့် ကာဂျစ္စတန်နိုင်ငံတို့ကလည်း တန်ချိန်ပေါင်း ၂၁,၀၀၀ နှင့် ၁၅,၄၀၀ အသီးသီးတင်သွင်းခဲ့သည်။
ဥဇဘက်ကစ္စတန်မှ စပျစ်သီးများကို ဘယ်လာရုဇ်နှင့် ယူကရိန်းနိုင်ငံတို့ကလည်းတင်သွင်းလျက်ရှိသည်။
Ref: Xinhua, Fructidor
Source: Myawady Web Portal