ဒုံးကျည်များ သိုလှောင်ရာ မြေအောက်စစ်အခြေစိုက် စခန်းသစ်တစ်ခုကို အီရန်ထုတ်ဖော်ပြသ

News Image

  • ဒုံးကျည်များ သိုလှောင်ရာ မြေအောက်စစ်အခြေစိုက် စခန်းသစ်တစ်ခုကို အီရန်ထုတ်ဖော်ပြသ

အီရန်နိုင်ငံသည်  နိုင်ငံတောင်ပိုင်းရှိ မြေအောက်စစ်အခြေစိုက် စခန်းသစ်တစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

“ဒုံးကျည်မြို့တော်”ဟု အမည်ပေးထားသည့် အဆိုပါမြေအောက် အခြေစိုက်စခန်းတွင် ဒုံးပစ်စင် အများအပြားကို သိုလှောင်ထားပြီး ယင်းအခြေစိုက်စခန်းအား အီရန်တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုပြကွက်တစ်ခု၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါမြေအောက်စစ် အခြေစိုက်စခန်း၌   Qadr အမျိုးအစား ခရုဒုံးကျည်အစင်းပေါင်း    ၃၈၀ ခန့်ကိုသိုလှောင်ထားပြီး  ၎င်းဒုံးကျည်များအား ၅ မိနစ်အတွင်း ပစ်လွှတ်နိုင်ကြောင်း အီရန် ရေတပ်အကြီးအကဲ ဗိုလ်ချုပ် အလီရီဇာတန်ဆီရီက ပြောကြားထားသည်။

အဆိုပါဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၁၀၀၀ ကျော်အထိ ပစ်ခတ်ရောက်ရှိနိုင်ပြီး ယင်းဒုံးကျည်များ၌ အီလက်ထရွန်နစ်စစ်ပွဲ ဆင်နွှဲနိုင်သည့်  စနစ်များကို တပ်ဆင်ထားကြောင်း IRNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Source: Myawady Web Portal