YPG နှင့် ပူးပေါင်း ဆောင်ရွက်မှုကို အမေရိကန်က အဆုံးသတ်မည်ဟု မျှော်လင့်ကြောင်း တူကီယဲပြော
အမေရိကန်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့် ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ (YPG) များနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်မည်ဟု မျှော်လင့်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်က ဖေဖော်ဝါရီလ၂ရက်တွင် ပြောသည်။
တူကီယဲတပ်မတော်သည် လက်ရှိတွင် YPG တိုက်ဖျက်ရေး စစ်ဆင်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် အဆိုပါကာ့ဒ်တပ်ဖွဲ့ဝင် ၂၃ ဦးအား ချေမှုန်းနိုင်ခဲ့ကြောင်း ဟာကန်ဖီဒန်က ဆက်ပြောသည်။ YPG စစ်သွေးကြွများသည် ကာ့ဒစ်စတန် အလုပ်သမားပါတီ(PKK)၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
YPG နှင့် PKK တို့အား တူကီယဲအစိုးရက တရားမဝင်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသော်လည်း အမေရိကန်က ၎င်းတို့အား သီးခြားအဖွဲ့အစည်းများ အဖြစ် ရှုမြင်လျက်ရှိသည်။ ဆီးရီးယားမြောက်ပိုင်းရှိ YPG အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအား ရပ်တန့်ရန် ထရမ့်အစိုးရက ဆုံးဖြတ်ချက်ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဟာကန်ဖီဒန်က ကာတာနိုင်ငံခြားရေးဝန်ကြီးနှင့် ဒိုဟာမြို့၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။
ထို့ကြောင့်အမေရိကန်အနေဖြင့် အဆိုပါအဖွဲ့အစည်းများအား ထောက်ပံ့နေခြင်းကို ရပ်တန့်ပစ်ရန် တူကီယဲနိုင်ငံက အမေရိကန်အစိုးရအား ယခင်ကတည်းက တောင်းဆိုခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal